ရှေ့သို့
Image

တောတ့င်ဟမ်နည်းပြအဖြစ် အောင်မြင်မှုရဖို့ စိတ်ရှည်ထားတယ်လို့ မစ်ဒယ်ဘရော့ကို ရှုံးနိမ့်အပြီး ကွန်တီ ဖွင့်ဟ

3:16 PM, 2 March

အက်ဖ်အေဖလား ပဉ္စမအဆင့်ရှုံးထွက်တွင် မစ်ဒယ်ဘရော့ကို ၁ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်လိုက်ရပြီးနောက် တော့တင်ဟမ်နည်းပြ ကွန်တီက သူအနေနဲ့ စိတ်ရှည်ထားတယ်လို့ဆိုပါတယ်။

လူငယ်ကစားသမား ကိုဘန်းရဲ့ အချိန်ပိုဂိုးကြောင့် မစ်ဒယ်ဘရော့ဟာ အိမ်ကွင်း ရေးဗားဆိုက်ဒ်တွင် ထိုက်တန်တဲ့ အနိုင်ကို ရယူခဲ့တာ ဖြစ်ပါတယ်။ စတုတ္ထအဆင့်မှာလည်း မစ်ဒယ်ဘရော့ဟာ ယူနိုက်တက်ကို ကျော်ဖြတ်ပြီး တက်ရောက်လာခဲ့တာပါ။

နောက်ထပ်ဆုဖလားမဲ့ ရာသီတစ်ခုကို ဖြတ်သန်းတော့မယ့် တော့တင်ဟမ်ဟာ ထိပ်ဆုံးလေးသင်းဝင်ရောက်ဖို့ရည်မှန်းချက်တစ်ခုသာ ရှိပါတော့တယ်။

“ဒီအနေအထားမှာ ကျွန်တော်က နောက်ဆုံးလူပါ ကိုယ်ကိုကိုယ် မတွေးပါဘူး ကစားသမားတွေနှင့် အသင်းကို ပြောတဲ့အချိန်မှာ ငါတို့ကိုယ်ကိုကိုယ် တွေးရမယ်လို့ပြောပါတယ် ကျွန်တော့်အတွက်တော့ မဟုတ်ပါဘူး။

ကျွန်တော့်အတွက်က ပြဿနာမရှိပါဘူး ဒီမှာ စိတ်ပိုင်းဖြတ်မှု ရှိတယ် စိတ်ရှည်သည်းခံမယ် တိုးတက်အောင် အလုပ်ဆက်လက်ကြိုးစားသွားပြီး အတိတ်ကထက် အသင်းကို ပိုအခြေခိုင်ခံအောင် လုပ်သွားမယ် ဘာလို့လဲဆိုတော့ ဒါက အခြေအနေကို ပြောင်းလဲစေနိုင်မယ့် အဓိကအချက် ဖြစ်ပါတယ်။ အလုပ်ကို နေ့တိုင်း ကျွန်တော် ကြိုးစားတယ်။ တခါတရံမှာ စကားပြောရတယ် သေချာတာတော့ ဒီအနေအထားမှာ ကစားသမားတွေစိတ်ထဲ မှန်ကန်တဲ့သောချက်ကို ရိုက်ထည့်နိုင်ဖို့လိုအပ်ပါတယ် တခါတလေကျတော့ နည်းစနစ်ပြဿနာ တစ်ခုတည်းတင် မဟုတ်ပါဘူး။ နည်းစနစ်ပြဿနာကြောင့်လည်း မဟုတ်ပြန်ပါဘူး တစ်ခါတရံ သင် တခြားရူထောင့်တွေကနေ တွန်းအားပေးရမယ် ကြိုးစားရမယ် စိတ်ဓာတ်ရူထောင့်အရ သေချာအာရုံစိုက်ဖို့ကြိုးစားရမယ် လေ့ကျင်ရေးမှာလည်း အာရုံစိုက်ထားပြီး အလုပ်လုပ်ရမယ်။”

ဟု ကွန်တီက ဆိုသည်။

သူအနေနဲ့ကစားသမားတွေရဲံ အကောင်းဆုံးကို ဖော်ထုတ်ဖို့ကြိုးစားရမည်ဟု ကွန်တီက ဆက်ပြောပါတယ်။

“တခါတရံ သင် သန်မာဖို့လိုတယ် တခါတရံ ပျော့ပြောင်းဖို့လိုတယ် အီတလီက ကျွန်တော်နည်းပြဟောင်း မာဇိုနီက နည်းပြတွေဆိုတာ တစ်ခါတလေ ချော့ချည်တစ်ခါ ရိုက်ချည်တစ်လှည့်ဖြင့် လိုရာကို စေခိုင်းတတ်ရမယ်လို့ပြောတယ်။  တစ်ဦးချင်းမှာ ကျွန်တော်အနေနဲ့ မှန်ကန်တဲ့ လမ်းကို ကြိုးစားရမယ် ဘန်လေပွဲအပြီးမှာ အော်ငေါက်ခဲ့တယ် ကျွန်တော်တို့နိုင်တယ် လိဒ်စ်နဲ့ပွဲပြီးတော့ ချော့ချည်တစ်ခါ ပြောတယ် ကျွန်တော်တို့ရှုံးပါတယ်။

ကျွန်တော်ထပ်ပြောရရင် နည်းပြတွေဆိုတာ အဖြေမှန်ကို အမြဲတမ်း ရှာဖွေနေရမယ် သင်ကိုယ်တိုင်စိတ်ဆိုးနေလို့စိတ်ပျက်နေလို့ မရပါဘူး  အခြေအနေအရပ်ရ့ပ်တိုင်းက ရှင်းလင်းနေရမယ်။ အသင်းမှာ တိုးတက်စရာ အများကြီး ရှိနေတာ သိပါတယ် ကျွန်တော်တို့ ပိုပြီး အခြေခိုငအောင် ကြိုးစားရမယ် ဒီညမှာ ကျွန်တော်တို့ဒီရူထောင့်ကနေ တိုးတက်စရာတွေ အများကြီး ရှိနေတယ်ဆိုတာ ပြသခဲ့ပါတယ်”

ဟု ကွန်တီက ပြောကြားသွားခဲ့ပါတယ်။

#တော့တင်ဟမ် #ကွန်တီ #အက်ဖ်အေဖလား #မစ်ဒယ်ဘရော့စ်