ရှေ့သို့
Image

ဖိုဒမ်နဲ့မိမိ အချိတ်အဆက်လုပ်ပြီး ဂိုးသွင်းခဲ့တာမှာ ပွဲမစမီ မက်ဆီရဲ့ ဗီဒီယိုတွေ ကြည့်ခဲ့တာကြောင့်လို့ ဂရီးလစ်ရှ် ဖွင့်ဟ

2:28 PM, 2 March

ပီတာဘရော့ချ်ကို ၂ဂိုးပြတ်နိုင်တဲ့ အက်ဖ်အေဖလားရှုံးထွက်ပွဲတွင် မန်စီးတီးရဲ့ ပေါင်သန်း၁၀၀တန် ဂရီးလစ်ရှ်က ဖိုဒမ်ရဲ့ ပေးပို့မှုအပေါ် ရှင်းလင်းပြောကြားခဲ့ပါတယ်။

တကယ့်ကို မယုံကြည်နိုင်စရာပါ ဘာက ရီစရာကောင်းလဲ သင်သိလား? ကျွန်တော်နည်းပြတွေနဲ့အတူ ရှိနေတဲ့အချိန်မှာ ဖိုဒမ်ဘေးနားမှာ ထိုင်တယ် တွစ်တာကိုသုံးနေရင်း မက်ဆီ ဗီဒီယို ပေါ်လာတယ် ပြောရမယ်ဆိုရင် ဖိုဒမ်ပေးခဲ့တာက မက်ဆီ ပေးပို့မှုမျိုးပါ။

ကျွန်တော်နဲ့ ဖီးလ်တို့က မက်ဆီရဲ့ ဗီဒီယိုကို ကြည့်ခဲ့ကြတယ် သူ ဘောလုံးပေးလိုက်တာနဲ့တစ်ပြိုင်နက် ကျွန်တော် ဂိုးသွင်းခဲ့တယ် သူ ပြေးလာပြီး ဒါက ငါတို့ပွဲမတိုင်မီ ကြည့်ခဲ့ကြသလို ဂိုးဘဲကွ လို့ ပြောတယ်။

တကယ့်လည်း မက်ဆီရဲ့ ပုံစံမျိုး သူပေးခဲ့တာပါ မဟုတ်လားဗျ။

ဖီးလ်နဲ့ ဒီလိုမျိုး ချိတ်ဆက်မှုမျိုးတွေ ကျွန်တော်မှာ ရှိပါတယ် အချိန်အတော်ကြာပါပြီ သူ ကျွန်တော်ကို ဂိုးဖန်တီးပေးခဲ့ခြင်း မရှိသေးဘူးလို့ ထင်တယ် ဆိုတော့ ကျွန်တော့်အတွက် ကောင်းမွန်တဲ့ အခိုက်အတန့်တစ်ခုပါပဲ။"

ဟု ပြောကြားသွားခဲ့ပါတယ်။

ပီတာဘရောချ့်ပွဲမှာ ဖိုဒမ်ဟာ ဂိုးဖန်တီးမှု ၂ကြိမ် လုပ်ခဲ့ပြီး ခြေစွမ်းပြခဲ့ကာ ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်ညာခြမ်းနေရာမှာ ဖိုဒမ် ကစားသွားပြီး လာမယ့်မန်ချက်စတာဒါဘီပွဲမှာလည်း ပက်ဂွါဒီယိုလာတစ်ယောက် ဘယ်နေရာမှာ ထားသုံးရမလဲဆိုတာ စဉ်းစားဖွယ် ရှိပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဖိုဒမ် #ဂရီးလစ်ရှ် #မက်ဆီ #အက်ဖ်အေဖလား