ရှေ့သို့
Image

၀ယ်သူတွေ ရှိလာတာကြောင့် ချဲလ်ဆီးကို ရောင်းချဖို့စဉ်းစားလာတဲ့ ရိုမန်အေဘရာမိုဗစ်ချ်

2:17 PM, 2 March

ယခုတစ်ပတ်တွင် ဝယ်သူ ၃ယောက်လောက် စတန်းဖို့ဘရစ်ချ်ကို ဝယ်ယူဖို့ကမ်းလှမ်းချက်တွေ လုပ်လာတာကြောင့် ပထမဆုံးအကြိမ် အသင်းကိုရောင်းချရန် ရိုမန်အေဘရာမိုဗစ်ချ်တစ်ယောက် စဉ်းစားရဖွယ် ရှိနေပါတယ်။

အထူးသဖြင့် ယူကေတွင် ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကနေ ချဲလ်ဆီးပိုင်ရှင်အဖြစ် အေဘရာမိုဗစ်ချ် ဆက်ရှိရန် မသေချာတော့တာကြောင့် ဝယ်သူတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မကြာသေးခင်ကမှ ချဲလ်ဆီးကို ရောင်းချသွားမှာ မဟုတ်ဘူးလို့အေဘရာမိုဗစ်ချ်က ယတိပြတ် ပြောကြားထားပေမယ့် ပြင်ပအသံတွေ ပြင်းထန်လာရင် အသင်းကို ရောင်းချဖို့ရွေးချယ်စရာအဖြစ် ရှိလာနိုင်ပါတယ်။

အထူးသဖြင့် ချဲလ်ဆီးအသင်း ဆက်လက် ရေရှည်တည့်တံရေးမှာ ၎င်းကိုယ်တိုင်က ခလုတ်ကန်သင်းဖြစ်လာမယ်ဆိုရင် အသင်းအပေါ်ချစ်တဲ့ အေဘရာမိုဗစ်ချ်တစ်ယောက် ရင်နာနာနဲ့ လမ်းခွဲပေးနိုင်ပါတယ်။

ကြားသိရတဲ့သတင်းများအရ Kensington Palace Gardens အဖွဲ့ထံ သို့ ချဲလ်ဆီးအသင်းကို အေဘရာမိုဗစ်ချ် ရောင်းချနိုင်ရန် ပြင်ဆင်နေတယ်လို့ဆိုပါတယ်။

မကြာသေးခင်က ယူရို ၂.၆ဘီလျံဖြင့် ချဲလ်ဆီးကို ဝယ်ယူခွင့် ကမ်းလှမ်းချက်အား အေဘရာမိုဗစ်ချ် ပယ်ချထားပြီး အသင်းအပေါ် ယူရို ၁.၈ဘီလျံလောက် ရင်းနှီးမြှပ်နံှထားမှုကို ပြန်လည်ကာဗာလုပ်လိုနေပါတယ်။

အသင်းပိုင်ရှင်အဖြစ်ကနေ ထိန်းချုပ်ခွင့် အေဘရာမိုဗစ်က လက်လွတ်ခဲ့ပြီး ချဲလ်ဆီးဖောက်ဒေးရှင်းနှင့် ဘုတ်အဖွဲ့ထံ လုပ်ပိုင်ခွင့် လွဲအပ်ခဲ့တာကြောင့် လေလံတင်သူတွေအတွက် အသင်းကို ဝယ်ယူဖို့ပိုမိုကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။


#ချဲလ်ဆီး #အေဘရာမိုဗစ်ချ်