ရှေ့သို့
Image

သူ့ကို စစ်ပွဲအကြောင်းမေးနေတာတွေ ရပ်ကြပါတော့လို့ တောင်းဆိုခဲ့ရတဲ့ တူချယ်

1:26 PM, 2 March

ချဲလ်ဆီးနည်းပြ သောမက်စ် တူချယ်ဟာ လူတန်တောင်းနဲ့ ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ရုရှားရဲ့ ကျူးကျော်မှုနဲ့ ပတ်တသက်ပြီး အဆက်မပြတ် အမေးခံခဲ့ရတာကြောင့် ပေါက်ကွဲခဲ့ရပါတယ်။

ပြီးခဲ့တဲ့အပတ်က ရုရှားသမ္မတ ပူတင်က စစ်ကြေငြာပြီး ယူကရိန်းကို ဝင်တိုက်ခဲ့ပြီးနောက် ကမ္ဘာ့အားကစားလောက ကနေ ရုရှားကို ဖယ်ထုတ်ထားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကို ရုရှားကျောထောက်နောက်ခံရှိတဲ့ ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ရှ်က ပိုင်ဆိုင်ထားခဲ့ပါတယ်။

တူချယ်က “ကျွန်တော် ဘာလို့ဒါကိုပဲ ခဏခဏပြောနေရမှာလဲ။ ဒီဖြစ်ရပ်က ဆိုးရွားတာ သေချာပါတယ်။ ဆိုးရွားတယ် ဒါပေမဲ့ ဒါကိုပဲ အမြင်တွေ ထပ်ပြောနေဖို့ မလိုတော့ပါဘူး”

“”ဥရောပကလူတွေအားလုံး ဒါကိုမကြိုက်ဘူးဆိုတာ သိပြီးသားပါ။ ခင်ဗျားလည်း ဒီလိုအတူတူပဲ ဖြစ်မှာဖြစ်ပေမဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေသလို ကျွန်တော်တို့လည်း အတူတူပါပဲ”လို့ ပြောခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ သတင်းထောက်၁ဦးက စစ်ပွဲရဲ့ ဆိုးရွားပုံတွေအကြောင်း မေးမြန်းရာမှာ တူချယ်က ကြားဖြတ်ပြီး

“နားထောင် ခင်ဗျားတို့ ဒါကိုမေးနေတာ တော်သင့်ပြီ။ ကျွန်တော်က နိုင်ငံရေးသမားမဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောတာပါ။ ဒါကို ဆက်မမေးပါနဲ့တော့”

“ကျွန်တော် စစ်ပွဲနဲ့ တစ်ခါမှ မကြုံဖူးလို့ ခုလိုဖြစ်တာ စိတ်ထဲလုံး၀မကောင်းဘူးလို့ ထပ်ပြောချင်ပါတယ်။ ကျွန်တော် ဒီမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကောင်းဆုံး လုပ်ဖို့ကြိုးစားနေပေမဲ့ အဲ့ဒီမေးခွန်းတွေမေးတာ ရပ်သင့်ပါပြီ။ ကျွန်တော့်မှာ အဲ့ဒီအတွက် အဖြေမရှိပါဘူး”လို့ ပြောခဲ့ပါတယ်။

အေဘရာမိုဗစ်ရှ်ရဲ့ အနာဂတ်အပေါ် စိုးရိမ်မိလားမေးတဲ့အခါ တူချယ်က “ကျွန်တော်တို့ စိတ်တည်ငြိမ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ထိန်းချုပ်လို့မရသလို တာဝန်ယူလို့လဲမရတဲ့ မုန်တိုင်းတစ်ခုအတွင်း တည်ငြိမ်နေဖို့ လိုပါတယ်”

“နောက်ဆုံးမှာတော့ ကျွန်တော်တို့ချစ်တဲ့ အားကစားအပေါ်မှာပဲ အာရုံစိုက်တာ အကောင်းဆုံးပါ။ကစားသမားတွေနဲ့အတူ အားကစားအကြောင်း အာရုံစိုက်တာပဲ အကောင်းဆုံး ဖြစ်မှာပါ”

“အဲ့ဒါက ပရိသတ်တွေအတွက် ဖျော်ဖြေပြီး အတတ်နိုင်ဆုံး အားထုတ်ကြိုးပမ်းပေးဖို့က ကျွန်တော်တို့ လုပ်သင့်တဲ့အရာပါပဲ”လို ပြောခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ယနေ့ည လူတန်တောင်းနဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် ကစားရမှာ ဖြစ်ပါတယ်။

#ချဲလ်ဆီး #တူချယ် #ရုရှား #အက်ဖ်အေဖလား