ရှေ့သို့
Image

ယမန်နေ့ည မီလန်ဒါဘီပွဲမတိုင်ခင် စစ်ပွဲတွေရပ်ဖို့ ဗီဒီယိုမက်ဆေ့နဲ့အတူ တောင်းဆိုခဲ့တဲ့ ရှက်ဗ်ချန်ကို

1:23 PM, 2 March

ယူကရိန်းနဲ့ အေစီမီလန်ဂန္တဝင် အန်ဒရေ ရှက်ဗ်ချန်ကိုက ယမန်နေ့ည မီလန်ဒါဘီပွဲမတိုင်ခင် ဗီဒီယိုမက်ဆေ့နဲ့အတူ စစ်ပွဲတွေရပ်ဖို့ တောင်းဆိုသွားခဲ့ပါတယ်။

၄၅နှစ်သားဟာ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ် မတိုင်ခင် ၂ဖက် ပရိသတ်တွေကို ငြိမ်းချမ်းရေးစကား ပြောခဲ့တာလည်း ဖြစ်ပါတယ်။ 

ယူကရိန်းအလံနဲ့ မြင်တွေ့ရတဲ့ ရှက်ဗ်ချန်ကိုက “အီတလီက သူငယ်ချင်းတို့ရေ ကျွန်တော် ဆန်စီရိုကနေ ယူကရိန်းမှာ ငြိမ်းချမ်းရေးအတွက် အားပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ငြိမ်းချမ်းရေးမှာ စည်းခြားထားတာမရှိပဲ ကျွန်တော်တို့ကို သွေးကွဲစေတာထက် စည်းလုံးခြင်းက ပိုအင်အားကြီးဖို့ လိုတာကြောင့် ယူကရိန်းက ပြည်သူတွေဟာ ငြိမ်းချမ်းရေးကို အလိုရှိကြပါတယ်။ ဒီစစ်ပွဲကြီးကို အတူတကွ အဆုံးသတ်ကြရအောင်”လို့ ပြောခဲ့ပါတယ်။

ရုရှားရဲ့ ကျူးကျော်ခြင်းကိုခံနေရတဲ့ ယူကရိန်းနိုင်ငံအပေါ် စည်းလုံးမှုကို ပြသတဲ့ အပြုအမူတွေ အများအပြား မြင်တွေ့ခဲ့ရပါတယ်။

အေစီမီလန်အသင်းဟာ ကွင်းထဲမှာ ၂ဖက်ပရိသတ်တွေကို ယူကရိန်းအလံ ပြသထားပြီး ငြိမ်းချမ်းရေးအတွက် ကတ်တွေကို ဝေငှခဲ့ပါတယ်။

အလားတူ အေစီမီလန်ကစားသမားတွေဟာ ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်း အစီအစဉ်မှာ ယူကရိန်းအလံပါတဲ့ တီရှပ်တွေကို ဝတ်ဆင်ခဲ့ကြပါတယ်။

အလားတူ ပွဲမတိုခင် အေစီနဲ့ အင်တာကစားသမားတွေဟာ ငြိမ်းချမ်းရေးဆိုတဲ့ စာတန်းကိုင်ကာ အတူတကွ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

ယူကရိန်းအရေး ကမ္ဘာကို ဖြန့်ဝေခဲ့တဲ့ ဘောလုံးသမားက ရှက်ဗ်ချန်ကို တစ်ဦးတည်းမဟုတ်ပဲ မန်စီးတီး ကစားသမား ဇင်ချန်ကို၊ ဝက်စ်ဟမ်းက ယာမိုလန်ကိုတို့ဟာလည်း အခြား ယူကရိန်းကစားသမားတွေနဲ့အတူ ဗီဒီယိုမက်ဆေ့တစ်ခု လူမှုကွန်ရက်မှာ တင်ထားခဲ့ပါတယ်။

ရုရှားရဲ့ ထိုးစစ်ကြောင့် ယူကရိန်းမှာ ပြည်သူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ပြီဖြစ်ပြီး ယမန်နေ့ကလည်း မိုင်၄၀ခန့် ရှည်လျားတဲ့ ရုရှားစစ်တပ်က  ကိဗ်မြို့ကို ဝိုင်းထားတာကို ဂြိုလ်တုပုံတွေအရ မြင်တွေ့ခဲ့ရပါတယ်။

#မန်စီးတီး #ဝက်စ်ဟမ်း #အေစီမီလန် #ယူကရိန်း #ရုရှား #ရှက်ဗ်ချန်ကို