ရှေ့သို့
Image

အသင်းခေါင်းဆောင်လက်ပတ်ကို ပီတာဘရောချ့်နဲ့ပွဲတွင် ဇင်ချန်ကိုအား ပေးဝတ်စေခဲ့တဲ့ မန်စီးတီးကွင်းလယ်လူ ဖာနန်ဒင်ဟို

11:33 AM, 2 March

ပီတာဘရော့ချ်ကို ၂ဂိုးပြတ် နိုင်ခဲ့တဲ့ အက်ဖ်အေဖလားပဉ္စမအဆင့်ရှုံးထွက်ပွဲတွင် ဝါရင့်မန်စီးတီးကွင်းလယ်လူ ဖာနန်ဒင်ဟိုဟာ ပွဲထွက်တွင် အသင်းခေါင်းဆောင်အဖြစ် ပါဝင်လာပေမယ့် ယူကရိန်းကစားသမား ဇင်ချန်ကိုအား လက်ပတ်ပေးဝတ်ရန် နည်းပြဂွါဒီယိုလာကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဖာနန်ဒင်ဟိုရဲ့ လေးစားဖွယ် အပြုအမှုကြောင့် နည်းပြဂွါဒီယိုလာကလည်း ခွင့်ပြုပေးခဲ့ပြီး ရုရှားက အမိမြေယူကရိန်းကို ကျူးကျော်ခံရနေတာကြောင့် စိတ်ပျက်ဝမ်းနည်းနေတဲ့ အသက်၂၅နှစ်အရွယ် ဘယ်နောက်ခံလူ ဇင်ချန်ကိုအတွက်လည်း အားတစ်ရပ် ဖြစ်စေခဲ့ပါတယ်။

"ကျွန်တော်တို့ ကပ္ပတိန်ကြီးက အသင်းခေါင်းဆောင်လက်ပတ်ပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ် ဒါဟာ ဒီအခြေအနေမှာ ဇင်ချန်ကိုအတွက် ဘယ်လောက်အရေးပါသလဲ ပြနေပါတယ်။" 

"ကလပ်အားလုံးကလည်း ဒီလိုအပြုအမှုအောက်မှာ ရှိကြပြီး ယူကရိန်းနိုင်ငံအတွက် ကိုယ်စားပြုပေးကြပါတယ်။"

ဟု ပက်ဂွါဒီယိုလာက ဆိုသည်။

စီးတီးအတွက်လည်း ယူကရိန်းစစ် ဖြစ်ပြီးနောက် ပထမဆုံးကစားတဲ့ပွဲဖြစ်ကာ ဇင်ချန်ကိုနှင့် ပီတာဘရောချ်အသင်းခေါင်းဆောင် ဖရန်ကီကန့်ဟာလည်း ယူကရိန်းအလံကို ကိုင်ကာ ဥမင်ထဲက ထွက်လာခဲ့ပါတယ်။

ဖာနန်ဒင်ဟိုဟာ ရှက်တာဒိုးနက်အသင်းမှာ ၈နှစ်တာကျင်လည်ခဲ့ဖူးတာကြောင့် ယူကရိန်းမြေကို သံယောဇဉ်ရှိနေတဲ့ ကစားသမား ဖြစ်ဖွယ်ရှိပါတယ်။

အသင်းအတွက် ဒုတိယဂိုး သွင်းယူခဲ့သူ ဂရီးလစ်ရှ်က ဇင်ချန်ကိုဟာ အရည်အသွေးရှိတဲ့ ကစားသမားဖြစ်တယ်လို့ ပွဲအပြီးမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။

"အသင်းမှာ သူက ကြီးမားတဲ့ အရည်အသွေးရှိသူပါ မယုံကြည်နိုင်စရာ အရည်အချင်းရှိပါတယ် သူက ကစားသမားတစ်ဦးအနေနဲ့ underated တစ်ယောက်ပါပဲ

သူအတွက် ကျွန်တော်တို့ ဖေးမခဲ့ရမှာပါ သူအတွက် တကယ့်ကို ခက်ခဲတဲ့ အချိန်တွေ ရှိခဲ့ပါတယ် ယူကရိန်းနဲ့ဆက်စပ်တဲ့သူတွေကောပါပဲ ဒါပေမဲ့ သူ အသင်းကို ခေါင်းဆောင်အနေနဲ့ ဦးဆောင်ခဲ့တယ် သူ ကောင်းစွာ လုပ်နိုင်ခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်"

ဟု ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းရဲ့ ကစားပုံဟာ ဒုတိယပိုင်း ပွဲအစ၆မိနစ်ကလွဲရင် ကျန်တာအားလုံး ကောင်းတယ်လို့ ဆိုကာ မာရက်ဇ်ကိုလည်း ချီးကျူးပြောခဲ့ပါတယ်။

“မာရက်ဇ်က သူရဲ့ ကစားသမားဘဝအကောင်းဆုံးတွေကို ပေးဆပ်ကစားနေပါတယ် သူရဲ့ အရည်အသွေးတွေကို ကျွန်တော်တို့သိပါတယ်။ ဘောလုံးကစားရတာ သူ နှစ်သက်တယ် ဂျက်ကလည်း ဒဏ်ရာမှ သက်သာ ခုမှပြန်ကစားနိုင်ပေမယ့် အဆင့်ကောင်းတစ်ခုမှာ ရှိပါတယ်။နိုင်ပွဲက အရေးပါပါတယ်။အသင်းဒီအထိ ဖြစ်လာအောင် အားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက် ကစားရမယ့် တာဝန် ကျွန်တော်တို့မှာ ရှိပါတယ်”

ဟု ဂွါဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဇင်ချန်ကို #ဖာနန်ဒင်ဟို #အက်ဖ်အေ