ရှေ့သို့
Image

ပရီမီးယားလိဂ်ဆုဖလား ပြိုင်ဆိုင်မှုအပေါ် ဟောကိန်းထုတ်လိုက်တဲ့ ဒါရင်ဘန့်

11:05 AM, 2 March

လီဗာပူးအသင်းက အမီလိုက်နေသော်လည်း မန်စီးတီးက ဆုဖလားကိုရရှိဖို့ အစွန်ဆုံးကိုရောက်နေပါပြီလို့ ဒါရင်ဘန့်က ထင်နေတာဖြစ်ပါတယ်။


မန်စီးတီးဟာ အမှတ်ပေးဇယားရဲ့ထိပ်ကနေ ၆မှတ်ဖြတ်ကာ ဦးဆောင်နေတာဖြစ်ပြီး လီဗာပူးထက် ၁ ပွဲပိုကစားထားသော်လည်း လာမယ့်ရက်သတ္တပတ်များအတွင်း ဂွါဒီယိုလာရဲ့အသင်းဟာ ဆုဖလားကို ဆက်တိုက် ရရှိသွားဖို့ရှိနေတာ ဖြစ်ပါတယ်။


ကလော့ပ်ရဲ့အသင်းဟာ နောက်ဆုံးကစားထားတဲ့ ပွဲစဉ် ၆ ပွဲစလုံးကို အနိုင်ရရှိထားတာဖြစ်ပြီး မန်စီးတီးကတော့ အမှတ်တွေလျော့နည်းနေတာဖြစ်ကာ တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ဆုဖလားပြိုင်ဆိုင်မှုအတွက် ထိခိုက်စရာဖြစ်လာခဲ့ပါတယ်။


လီဗာပူးဟာ ရလဒ်တွေကောင်းနေပြီး ကာရာဘောင်ဆုဖလားကိုလည်း သိမ်းပိုက်နိုင်ခဲ့သော်လည်း talkSPORT ရဲ့ အစီစဉ်တင်ဆက်သူ ဒါရင်ဘန့်ကတော့ မန်စီးတီးဟာ ဖိအားတွေကို ရှောင်ရှားပြီး နိုင်ပွဲရရှိကာ ဆုဖလားကို သိမ်းပိုက်သွားမယ်လို့ ထင်နေပါတယ်။


talkSPORT ရဲ့  Breakfast show တွင် ချာလ်တန်နှင့် ဗီလာတို့ရဲ့ ကစားသမားဟောင်းဖြစ်သူ ဒါရင်ဘန့်က သူဟာဘာကြောင့် မန်စီးတီးကို ယုံကြည်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။ 


"လီဗာပူဟာ မန်စီးတီကိုလိုက်မီနိုင်သောလည်း သူတွေဆုဖလားရရှိမယ်လို့ ကျွန်တော်မထင်ပါဘူး"


"မန်စီးတီးရဲ့ အဲဗာတန်နှင့်ပွဲဟာ တော်တော်လေးကို ကံကောင်းခဲ့ပြီး ဒါဟာ လက်ထိခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း သူတို့တွေက အဆိုပါပွဲစဉ်ကို အနိုင်ရရှိခဲ့ပါတယ်"


"မန်စီးတီးအသင်းရဲ့ အခုလိုလုပ်ဆောင်မှုတွေကို ကျွန်တော်တို့က တွေ့မြင်ခဲ့ရတာဖြစ်ပြီး မယုံကြည်နိုင်လောက်တဲ့ အနိုင်ရရှိမှုတွေရှိလာမှာဖြစ်ကာ ဒါကတော့ ကျွန်တော့်ရဲ့အတွေးသာဖြစ်ပါတယ်" လို့ ဘန့်က ပြောပါတယ်။


အသက် ၃၈ နှစ်အရွယ် ကစားသမားဟောင်းက လီဗာပူးရဲ့ခြေစွမ်းပြသမှုကြောင့် မန်စီးတီးအတွက် အခက်တွေ့နိုင်ကြောင်း၊ အဆုံးသတ်မှာတော့ ဂွါဒီယိုလာရဲ့ နောက်တန်းခံစစ်က ကွာဟချက်ဖြစ်သွားမှာဖြစ်ကြောင်း တွေးမိနေတာပါ။


" လီဗာပူးက ပွဲတွေကို ဆက်တိုက်အနိုင်ရရှိမယ်လို့ ကျွန်တော်ထင်မိသော်လည်း မန်စီးတီးရဲ့ခံစစ်ကလည်း အရမ်းကိုတောင့်တင်းပါတယ်"


"သူတို့တွေက အခြားအသင်းတွေထွက် ပေးဂိုးအရေအတွက်နည်းနေတာဖြစ်ပြီး ၁၀ ပွဲ၁၂ ပွဲ ဆက်တိုက်အနိုင်ရရှိနိုင်ပါတယ်"


"အဲ့ဒီလိုလုပ်ဖို့လည်းလိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့တွေက ဇယားထိပ်မှာရှိနေပြီး အရင်လည်း လုပ်ဆောင်ခဲ့ဖူးတာဖြစ်ပါတယ်။ သူတို့ရဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့တဲ့အချိန်မှာ နိုင်ပွဲရရှိဖို့လိုတာဖြစ်ပြီး အရင်လည်း အဲ့ဒီအတိုင်းလုပ်နိုင်ခဲ့တာဖြစ်ပါတယ်"


"လီဗာပူးက အမီလိုက်နေတာဖြစ်သော်လည်း မန်စီးတီးကသာ ပရီးမီးယားလိဂ်ဆုဖလားရရှိသွားမယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ဘန့်က ပြောပါတယ်။


#လီဗာပူး #မန်စီးတီး #ဒါရင်းဘန့်တ်