ရှေ့သို့
Image

မန်စီးတီးနှင့်ပွဲက ဆုံးဖြတ်ချက်ကြောင့် ပရီးမီးယားလိဂ် ဒိုင်လူကြီးအကြီးအကဲထံကနေ တောင်းပန်မှုကို ရရှိခဲ့တဲ့ အဲဗာတန်

10:58 AM, 2 March

အဲဗာတန်ဟာ စနေနေ့က အိမ်ကွင်းမှာ မန်စီးတီးနှင့်ရင်ဆိုင်ကစားခဲ့ရတာဖြစ်ပြီး အားလုံးမျှော်လင့်ခဲ့သလို ပင်နယ်တီရရှိမယ့် အခွင့်အရေးရှိခဲ့သော်လည်း အလှည့်အပြောင်းဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။


မန်စီးတီးဟာ ဖိုဒန်ရဲ့နောက်ကျသွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း သိပ်မကြာခင် မန်စီးတီးအသင်းရဲ့ ပင်နယ်တီဧရိယာအတွင်း ရိုဒရီက လက်မောင်းဖြင့် ဘောလုံးကို ထိန်းခဲ့တာကြောင့် အဲဗာတန်ဟာ ပင်နယ်တီရရှိဖို့ ကွင်းလယ်ဒိုင်ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။


မာဆေးဆိုက်ရှိ ကွင်းလယ်ဒိုင် တီယာနေးဟာ VAR ကြည့်ရှုမှု မပါဝင်ခင်မှာ ဆက်ကစားဖို့ ပြောခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း VAR ဒိုင်ဖြစ်တဲ့ ကာဗန်နက်ချက်လည်း ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အတိုင်း သဘောတူခဲ့တာဖြစ်ပါတယ်။


အဆိုပါအဖြစ်အပျက်ပြီးနောက် အဲဗာတန်နည်းပြ လမ်းပတ်ဟာ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို ဒေါသထွက်ခဲ့သလို အဓိကကတော့အဲဗာတန်ပရိသတ်တွေ ဖြစ်ပါတယ်။


အဲဗာတန်ရဲ့စီးအီးအိုဖြစ်သူဟာ ပရီးမီးယားလိဂ်ကရစ်ချက်မာစတာနှင့် ဘောလုံးဆိုင်ရာအကြီးအကဲအရာရှိ တိုနီစခိုးလ်တို့ထံသို့ တရားဝင်တိုင်ကြားမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။


Liverpoll Echo ၏ သတင်းများအရ စီးအီးအိုဖြစ်သူဟာ အဆိုပါအကြီးအကဲ၂ဦးစလုံးထံသို့ အဲဗာတန်အသင်းရဲ့ပွဲစဉ်က ဒိုင်လူကြီးများရဲ့ အရည်အသွေးနှင့်ပတ်သတ်ပြီး ပြင်းထန်တဲ့စကားလုံးများဖြင့်ရေးသားကာ တိုင်ကြားခဲ့တာဖြစ်ပါတယ်။ အဲဗာတန်ဟာ အသင်းရဲ့နည်းပြ လမ်းပတ်နှင့် သူ့ရဲ့ကစားသမားတွေကို အနည်းဆုံးတော့ အဆိုပါအဖြစ်အပျက်အပေါ် တောင်းပန်ဖို့ ပြောခဲ့တာပါ။


အခုတော့ တောင်းပန်မှုကို ရရှိခဲ့ပြီဖြစ်ပြီး PGMOL က အထွေထွေမန်နေဂျာ မိုက်ခ်ရီလေးက ဘေလ်ကန်ရိုက်နှင့် လမ်းပတ်တို့ထံသို့ သီးသန်ဖုန်းခေါ်ကာ တောင်းပန်ခဲ့တာဖြစ်ပါတယ်။


သို့သော်လည်း လက်ရှိရာသီ တန်းဆင်းဇုန်နားမှာရှိနေတဲ့ အဲဗာတန်ကတော့ အရေးပါတဲ့ ရမှတ် ၁ မှတ်ကိုတော့ ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။


#မန်စီးတီး #အဲဗာတန် #ရိုဒရီ #ဖိုဒန်