ရှေ့သို့
Image

ကွန်တီက သူ့နည်းစနစ်တွေကို ခိုးချနေတာလို့ မစ်ဒယ်ဘရော့နည်းပြ ဝှိုက်ဒါ ဟာသလုပ်

3:16 PM, 1 March

မစ်ဒယ်ဘရော့နည်းပြကြီး ခရစ်ဝှိုက်ဒါကတော့ အင်္ဂါည(ယနေ့ည)မှာ ကစားရမယ့် နည်းပြအန်တိုနီယိုကွန်တီရဲ့ တော့တင်ဟမ်နဲ့ FA ဖလား ပွဲစဉ်မတိုင်မီ အီတလီသားနည်းပြဟာ သူ့ရဲ့နည်းစနစ်တွေကို ခိုးချနေတယ်လို့ စနောက်ခဲ့ပါတယ်။ ဝှိုက်ဒါဟာ ရှက်ဖီးလ်ယူနိုက်တက်ကို တာဝန်ယူစဉ်က ၃-၅-၂ ကစားကွက်ကို ကျင့်သုံးပြီး ကွန်တီ လက်ထက်က ချဲလ်ဆီး အသင်းကိုလည်း ရင်ဆိုင်ခဲ့ဖူးပါတယ်။

ဝှိုက်ဒါက “ဆုပေးပွဲတစ်ခုမှာ မင်းငါ့နည်းစနစ်တွေကို ကူးချနေတာပဲဆိုပြီး ကွန်တီကိုပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် သူက ကမ္ဘာ့အဆင့်မီ နည်းပြတစ်ယောက်ပါ၊ သူ့မှတ်တမ်းတွေကို ကြည့်ရုံနဲ့သိနိုင်ပါတယ်။ သူ့အသင်းအတွက်ဆိုရင် စိတ်ရောကိုယ်ပါ နှစ်ပြီးအစွမ်းကုန်ကြိုးစားတတ်တာ တွေ့ကြမှာပါ။ လူတိုင်းသူလိုလုပ်နိုင်ရင်တောင်မှ သူ့ရဲ့အောင်မြင်မှု မှတ်တမ်းတွေကတော့ သူတစ်ယောက်တည်းပဲ ရနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဝှိုက်ဒါက သူ့အသင်းရဲ့အိမ်ကွင်း ရေးဗားဆိုက်မှာတော့ ကွန်တီအနေနဲ့ အနိုင်ရဖို့လွယ်မှာ မဟုတ်ပဲ ပြီးခဲ့တဲ့အပတ်က တော့တင်ဟမ်ကိုနိုင်သွားတဲ့ ဘန်လေလိုမျိုးပဲ ကစားမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဘိုရိုနည်းပြကြီးက ဘန်လေကို ရှုံးခဲ့လို့သူ့ကိုယ်သူပဲ အပြစ်တင်ခဲ့တဲ့ ကွန်တီဘက်ကနေ ကာပြောခဲ့ပါတယ်။

ဝှိုက်ဒါက “သူက စိတ်ထဲရှိတဲ့အတိုင်းပဲ ပြောတတ်တဲ့သူပါ။ အခုသူရင်ဆိုင်နေရတဲ့ အခက်အခဲတွေက သူ့ကြောင့်မဟုတ်ပါဘူး ဒါပေမယ့် လူတွေက သူ့ကြောင့်ဆိုပြီးတော့ပဲ အပြစ်ဖို့ချင်ကြတယ်။ သူ့အသင်းရဲ့ ကစားပုံကို ကျွန်တော်ကြိုက်တယ်။ ကစားသမားတိုင်း အချိတ်အဆက်ရှိတယ်၊ အရမ်းတက်ကြွတယ်။ မန်စီးတီးကိုလည်း အဲ့ဒီစိတ်ဓာတ်နဲ့ပဲ နိုင်သွားတာ။ သူ့တုန့်ပြန်ပုံကိုကြည့်တာနဲ့ သိမှာပါ၊ သူဒီအသင်းမှာ နိုင်ပွဲတွေ ရယူဖို့ရောက်လာတာ။ ကွန်တီကကွန်တီပဲ၊ ဒါကိုဘယ်သူမှ နှောင့်ယှတ်လို့မရဘူး”လို့ ပြောခဲ့ပါတယ်။

#တော့တင်ဟမ် #ကွန်တီ #အက်ဖ်အေဖလား #ခရစ္စဝိုက်ဒါ