ရှေ့သို့
Image

နောက်ရာသီ ယူနိုက်တက် တိုက်စစ်ကို ရော်နယ်ဒို ဦးဆောင်နိုင်ပါ့မလားဆိုတာ သံသယဝင်နေတဲ့ ရန်းနစ်

3:11 PM, 1 March

ယူနိုက်တက်ရဲ့ တိုက်စစ်ကို နောက်ရာသီမှာ ရော်နယ်ဒို တစ်ယောက် ဦးဆောင်နိုင်ပါ့မလားဆိုတာကို လက်ရှိနည်းပြ ရန်းနစ်တစ်ယောက် သံသယဝင်နေပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်ကို ပြောင်းရွေ့ကြေး ပေါင် ၁၃.၅ သန်းနဲ့ ပြောင်းရွေ့ခဲ့တဲ့ ရော်နယ်ဒိုဟာ နည်းပြဆိုးလ်ရှားနဲ့အတူ ၁၂ပွဲ မှာ ၉ ဂိုးသွင်းယူထားနိုင်ခဲ့ကာ ရာသီအစက လှပခဲ့ပါတယ်။

သို့သော် လက်ရှိနည်းပြ ရန်းနစ်လက်အောက်မှာတော့ ရော်နယ်ဒိုရဲ့ တိုက်စစ်စွမ်းဆောင်ရည်ဟာ ကျဆင်းလာတာကြောင့် နည်းပြကလဲ ရော်နယ်ဒိုကို စိတ်မရှည်နိုင်ပဲ ဖြစ်နေပါတယ်။ ရော်နယ်ဒိုဟာ နောက်ဆုံး ၁၀ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိ နည်းပြရန်းနစ်ကတော့ ရာသီကုန်မှာ နည်းပြအဖြစ် ဆက်ရှိမှာမဟုတ်ပဲ အကြံပေးရာထူးနဲ့ ဆက်လက် လုပ်ကိုင်သွားမှာပါ။ ဒီအခါမှာတော့ ရော်နယ်ဒိုရဲ့ ရှေ့ရေးနဲ့ ပတ်သက်လို့ ပြောသွားဖွယ်ရှိပါတယ်။

နည်းပြရန်းနစ်ကတော့ ယူနိုက်တက်ကို ကိုင်တွယ်ပြီး အသင်းကို Pressing စတိုင်နဲ့ ကစားရာမှာ ရော်နယ်ဒိုဟာ ကစားကွက်နဲ့အံဝင်အောင် ကစားဖို့ အခက်အခဲ ရှိနေပါတယ်။ ဒါကြောင့်လဲ ယခုနည်းပြလက်ထက်မှာ ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည် ကျဆင်းလာတာက သိသာတဲ့ အချက်ဖြစ်ပြီး နည်းပြအနေနဲ့ ဒီကစားကွက်နဲ့ အံဝင်ဖို့ဆိုရင် အများကြီး ပြေးလွှားရမယ့် ကစားသမားကို တိုက်စစ်မှာ ဖြည့်တင်းရမှာပါ။

ရော်နယ်ဒိုရဲ့ အနာဂတ်ဟာ ယူနိုက်တက်မှာ ဘယ်လို ရှိနေမလဲ ?
===========================================
ရော်နယ်ဒိုလို ကစားသမားကို ကိုင်တွယ်ရတာဟာ နည်းပြတိုင်းအတွက် ခက်ခဲတဲ့ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ခြေစွမ်းအားဖြင့် ကျဆင်းလာပေမယ့် သူ့ရဲ့ ပုံရိပ်အားဖြင့် ကြီးမားဆဲဖြစ်ပါတယ်။ ရိုနယ်ဒိုဟာ ချန်ပီယံလိဂ် ငါးကြိမ် ၊ ပရီးမီးယားလိဂ် သုံးကြိမ် ၊ လာလီဂါနှစ်ကြိမ် ၊ စီးရီးအေ တစ်ကြိမ်နဲ့ တခြားသော ဆုများစွာလဲ ရရှိထားခဲ့တာပါ။ သူဟာ ယူနိုက်တက်ကို ရောက်ရှိပြီး သူကစားတဲ့ လိဂ်တိုင်းမှာ သွင်းဂိုးအများဆုံး ကစားသမားဆုကို ရယူထားနိုင်ခဲ့ပါတယ်။

အသက် ၃၇ နှစ်ရှိပြီဖြစ်ပေမယ့်လဲ ရိုနယ်ဒိုရဲ့ လစာငွေကြေးကတော့ မြင့်မားနေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ ရိုနယ်ဒိုကို ပြန်လည်ခေါ်ယူလိုက်တာကနေ စီးပွားရေးအားဖြင့် အားသာချက် ရရှိမယ်ဆိုတာ သိခဲ့ပါတယ်။ သို့သော်လဲ ကစားသမားရဲ့ စွမ်းဆောင်ရည်ကတော့ မျှော်လင့်သလို မရရှိခဲ့ပါဘူး။

ရာသီအကုန်မှာ ယူနိုက်တက်အသင်းကို ကိုင်တွယ်မယ့် နည်းပြအဖြစ် ရေပန်းစားနေသူကတော့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုပဲ ဖြစ်ပါတယ်။ ပိုချက်ကလဲ လက်ရှိမှာ ရိုနယ်ဒိုလိုမျိုး နာမည်ကျော် မက်ဆီကို ကိုယ်တွယ်နေရသူပါ။

ပိုချက်ဟာလည်းပဲ အလားတူကိစ္စနဲ့ ပတ်သက်လို့ စိတ်ညစ်နေရသူပါ။ နာမည်ကျော်ကစားသမား တစ်ယောက်ကို ကွင်းထဲမှာ ခြေစွမ်းဘယ်လိုပဲ ဖြစ်နေပါစေ လူစားလဲဖို့အတွက် သူ့မှာ အခက်အခဲ ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် ရာသီကုန်ယူနိုက်တက်ကို ဘယ်သူပဲ နည်းပြအဖြစ် ကိုင်တွယ်ကိုင်တွယ် ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ချမှတ်ရမှာပါ။

ဒါဟာ အသင်းမှာ ကစားသမားဟာ ကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်မလား ဒါမှမဟုတ် ကစားသမား နှင့် အသင်းလမ်းခွဲမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ရန်းနစ်