ရှေ့သို့
Image

အက်ဖ်အေဖလား ဖိုင်နယ်ကို တက်ရောက်နိုင်မယ်လို့ မျှော်လင့်နေတဲ့ ကွန်တီ

3:05 PM, 1 March

မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ရှုံးထွက်ပွဲမကစားမီ သူရဲ့ ပြိုင်ပွဲတွင် ရှိခဲ့ဖူးတဲ့ အစဉ်အလာကောင်းကို ဆက်လက် ထိန်းသိန်းသွားရန် နည်းပြကွန်တီက မျှော်လင့်နေပါတယ်။

ကွန်တီဟာ နည်းပြဘ၀ ၂ပွဲဆက်တိုက် အက်ဖ်အေဖလား ဖိုင်နယ်ကို ရောက်ဖူးပြီး ၃ကြိမ်မြောက် အက်ဖ်အေဖလား ဖိုင်နယ် ထပ်မံတက်နိုင်ရန် ရည်မှန်းနေပါတယ်။ အထူးသဖြင့် တော့တင်ဟမ်အသင်းရဲ့ ဆုဖလားလက်မဲ့ ဖြစ်နေမှုကို နည်းပြကွန်တီက အဆုံးသတ်လိုနေပါတယ်။

“ကျွန်တော် စိတ်အားထက်သန်ခြင်းတော့ မရှိပေမယ့် ဒါပေမဲ့ သင်သိတဲ့အတိုင်း ကျွန်တော်က နိုင်ပွဲရလိုပါတယ်။ ဒီပြိုင်ပွဲက ပြိုင်ပွဲကောင်းတစ်ခုဆိုတာ သေချာပါတယ်။ ကျွန်တော်အနေနဲ့ ၂နှစ်ဆက် ဖိုင်နယ်တက်ရောက်ရန် ကံကောင်းခဲ့ပါတယ်။ ဒီအစဉ်အလာကို ကျွန်တော့်အတွက်တင် မဟုတ်ဘဲ တော့တင်ဟမ်နှင့် ကစားသမားတွေ၊ ပရိသတ်တွေအတွက် ဆက်လက် ထိန်းသိမ်းသွားချင်ပါတယ်။ ဒီဖလားက လုံး၀ လွယ်ကူမှာမဟုတ်ဘူးဆိုတာ သိမှာပါ မစ်ဒယ်ဘရော့ပွဲက ခက်ခဲစွာနဲ့ရင်ဆိုင်ရမယ်။ ကျွန်တော့်ကစားသမားတွေ စွမ်းဆောင်ရည် ဆက်ပြနိုင်မယ်ဆိုတာ မြင်ချင်တယ် တစ်စုံတရာ လေ့လာမှုလုပ်နေတယ်ဆိုတာ ပြသချင်တယ်။ ပွဲကောင်းတစ်ပွဲ မြင်ရမယ်ဆိုတာ မျှော်လင့်မိပြီးတော့ တစ်ချိန်တည်းမှာ စိတ်ပိုင်းဖြတ်မှုနဲ့ နောက်တဆင့်တက်သွားချင်ပါတယ်”ဟု ဆိုသည်။

ဆက်လက်ပြီး ကစားသမားတွေရဲ့ ကြံခိုင်မှု ပတ်သက်လို့ ကွင်းလယ်လူ ဘန်တန်ကာနှင့် စကစ်ပ်တို့ဒဏ်ရာကြောင့် ဆက်လက်လွဲချော်မည်ဟု ကွန်တီက ပြောပါတယ်။

“ကစားသမားတွေကတော့ တူတူပါပဲ လိဒ်စ်နဲ့ကစားခဲ့တဲ့ တူညီတဲ့ လူစာရင်းအတိုင်း ရှိပါတယ်။ စကစ်ပ်၊ တန်ဂန်ဂါ၊ မော်ရာ၊ ဘန်တန်ကာတို့ ပါဝင်သွားမှာ မဟုတ်ပါဘူး”ဟု ပြောကြားသွားခဲ့ပါတယ်။

#ကွန်တီ #အက်ဖ်အေဖလား