ရှေ့သို့
Image

ပီတာဘရော့ချ်နဲ့ ပွဲတွင် ဇင်ချန်ကို ကစားသွားမည်ဟု ဂွါဒီယိုလာ အတည်ပြု

2:01 PM, 1 March

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ဇင်ချန်ကိုဟာ ယနေ့ညတွင် ကစားမည့် အက်ဖ်အေဖလားပဉ္စမအဆင့် ရှုံးထွက်ပွဲတွင် ပါဝင်လာမည်ဟု အတည်ပြုပြောကြားခဲ့သည်။

အမိမြေယူကရိန်းနိုင်ငံဟာ ရုရှားရဲ့ ကျူးကျော်စစ် ဝင်နေမှု ခံနေရတာကြောင့် ဇင်ချန်ကိုအနေနဲ့ စိတ်ခံစားလွယ်နေတာ ဖြစ်ကာ အသင်းဘက်ကလည်း အားပေးမှု များစွာ လုပ်ပေးထားတာ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့အပတ်က အဲဗာတန်အသင်းနဲ့ကစားတဲ့ ပွဲမျာလည်း ဘယ်နောက်ခံလူဟာ အရန်ခုံမှာ ရှိနေခဲ့ပါတယ်။

“သူအတွက် ကစားခွင့်ရရင် အဆင်ပြေမယ်လို့ထင်တယ်။ ပြီးတော့ ဒီအသင်းမှာ ဘာကြောင့် ရှိနေသလဲဆိုတာ ပြသရမှာပါ။ သူက ထူးခြားတဲ့ကစားသမားပါ ပြီးတော့ ဘောလုံးကစားဖို့ လိုအပ်ပါတယ်”ဟု ဂွါဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဇင်ချန်ကို #အက်ဖ်အေဖလား