ရှေ့သို့
Image

ရိုဒရီ လက်ထိမှုတွင် အဲဗာတန် ပင်နယ်တီရဖို့ ထိုက်တန်တယ်လို့ ဂွါဒီယိုလာ ဝန်ခံ

1:50 PM, 1 March

မန်စီးတီး နည်းပြ ပက်ဂွါဒီယိုလာက အဲဗာတန်နဲ့ ပွဲမှာ ရိုဒရီရဲ့ လက်ထိမှုဟာ ပင်နယ်တီ ပေးသင့်တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ကွင်းလယ်လူ ရိုဒရီဟာ ပင်နယ်တီဧရိယာအတွင်း လက်ထိသွားခဲ့ပေမယ့် ဒိုင်လူကြီးက ပင်နယ်တီ မပေးခဲ့ခြင်းအပေါ် ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရသလို အဲဗာတန်ဘက်ကလည်း အတော်လေး စိတ်ဆိုးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်ကို VAR သေချာစစ်ဆေးကြည့်ပေမယ့် ပင်နယ်တီ မပေးရန် သတ်မှတ်ခဲ့ပြီး ပရိသတ်များဟာလည်း ဝေဖန်ခဲ့ကြပါတယ်။

လက်ထိမှု မတိုင်မီ လူကျွံအနေအထားကြောင့် အလံထောင်သင့်ပေမယ့် လူမကျွံဘူးဆိုရင် ပင်နယ်တီကတော့ ပေးသင့်တယ်လို့ဂွါဒီယိုလာက ပြောပါတယ်။

ပီတာဘရော့နဲ့ မကစားမီ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် သူက ပြောရာမှာ“ဒယ်လီအလီဆီကနေ ရစ်ချာလီဆန် ဘောလုံးရယူပုံက လူကျွံဘောပုံစံပါပဲ။ ဒါပေမဲ့ လူကျွံဘောမဟုတ်ဘူးဆိုရင် ပင်နယ်တီ ဖြစ်ပါတယ်။ မတော်တဆဖြစ်ရပ်တစ်ကြိမ်က ရာသီတစ်လုံးမှာ သက်ရောက်မှု ရှိခဲ့ရင် နောက်ပိုင်း ကျွန်တော်အနေနဲ့ မတော်တဆ ဖြစ်ရပ်တွေကိုဘဲ ပြန်ကြည့်သွားမှာပါ”ဟု ပြောကြားသွားခဲ့ပါတယ်။

#မန်စီးတီး #အဲဗာတန် #ဂွါဒီယိုလာ #ရိုဒရီ