ရှေ့သို့
Image

ရုရှားနဲ့ ချိတ်ဆက်နေပေမယ့် လီဗာပူးနဲ့ ပွဲမှာ ယူကရိန်းကို ထောက်ခံကြောင်းပြသခဲ့တဲ့ ချဲလ်ဆီးပရိသတ်များ

12:47 PM, 28 February

ချဲလ်ဆီးပရိသတ်တွေကတော့ ရုရှားနဲ့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့် ယူကရိန်းကို ထောက်ခံတဲ့အကြောင်းကို လီဗာပူးနဲ့ ပွဲမတိုင်ခင် ပြသခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဝင်ဘာလေ ကွင်းမှာ ကစားရမယ့် လီဗာပူးနဲ့ပွဲအတွက် လက်မှတ်တွေ အကုန်နီးပါး ရောင်းကုန်ခဲ့တာဖြစ်ပါတယ်။ ရုရှား အသင်းပိုင်ရှင် မိုဗစ်က အသင်းရဲ့လုပ်ပိုင်ခွင့်ကို လွှဲပြောင်းခဲ့ပြီးနောက် တစ်ရက်အကြာမှာ အခုပွဲစဉ်က ကစားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ညတုန်းက မိုဗစ်တစ်ယောက် စာလုံးရေ  ၁၁၀ လောက်ရှိတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ကာ ယုံကြည်ရတဲ့ ပရဟိတအဖွဲ့အစည်းအထံ လွှဲပြောင်းပေးခဲ့ပါတယ်။ ရုရှားနိုင်ငံနဲ့ ချိတ်ဆက်မှုတွေရှိနေပေမယ့် ချဲလ်ဆီး ပရိသတ်တွေက စစ်ဖြစ်မယ့်အရေးကို ယူကရိန်းဘက်ကနေ ရပ်တည်ပြီး တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့တေးသီချင်းအပြီးမှာ ၂ ဖက်အသင်းကစားသမားတွေ နဲ့ ပရိသတ်တွေက  ယူကရိန်းကို ထောက်ခံတယ်ဆိုတာကို ပြသခဲ့ကြပါတယ်။ ချဲလ်ဆီးအသင်း ခေါင်းဆောင် အက်စ်ပီလီကျူတာ နဲ့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်တို့က ဝင်ဘာလေကွင်းထဲမှာ အဝါနဲ့ အပြာရောင်ပန်းပွင့်တွေကို ကိုင်ဆောင်ခဲ့ကြသလို ၂ သင်းပေါင်းပြီးလည်း ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

ပွဲမတိုင်ခင် ပရိသတ်တွေကလည်း ကွင်းပြင်ပမှာ ယူကရိန်းအလံကို ကိုင်ဆောင်ပြီး တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် ဝင်ဘာလေတီဗွီစခရင်မှာလည်း ယူကရိန်းအလံနဲ့အတူ “Football stands together” ဆိုပြီး ပြသခဲ့ပါတယ်။

ချဲလ်ဆီးကို ၂၀၀၃ ခုနှစ်တုန်းက အေဘရာမိုဗစ်က ဝယ်ယူခဲ့တာဖြစ်ပြီး အသင်းကို ကမ္ဘာ့အကောင်းဆုံးအသင်း တစ်သင်းအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ကာရာဘောင်ဖိုင်နယ်မှာ လီဗာပူးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပြီး ဆုဖလားတစ်လုံးထပ်မံလက်လွှတ်ခဲ့ရပါတယ်။

#လီဗာပူး #ချဲလ်ဆီး #ရုရှား