ရှေ့သို့
Image

ကာရာဘောင်ဖိုင်နယ်ပွဲမှာ ကီပါကို လူစားလဲခဲ့တဲ့ တူချယ်ရဲ့ ဆုံးဖြတ်ချက်ကို ရက်ပ်နက် ဝေဖန်ပြောကြား

10:13 AM, 28 February

ကာရာဘောင်ဖိုင်နယ်မှာ လီဗာပူးကို ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ မန်ဒီအစား ကီပါကို လူစားလဲခဲ့တဲ့ တူချယ်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ပြောကြားခဲ့ပါတယ်။ ကီပါဟာ ပင်နယ်တီ ကိုယ်တိုင်မကန်ခင် တစ်ကြိမ်မှ မကာကွယ်နိုင်ခဲ့တာဖြစ်ကာ ကလော့ပ်ရဲ့လီဗာပူးက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မန်ဒီဟာ မိနစ် ၉၀ နီးပါး အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကာ ပင်နယ်တီမသွားခင် အချိန်ပိုမှာလည်း ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

“ဒီလူစားလဲမှုက တကယ့်ကိုပါးနပ်တဲ့လူစားလဲမှုတော့ မဟုတ်ပါဘူး။ တူချယ်က ကီပါကို ပင်နယ်တီအတွက် လူစားလဲခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူက ပင်နယ်တီ ကာကွယ်ရာမှာ အကောင်းဆုံးလို့ ထင်တာကြောင့်ပါ။ သူအနည်းငယ်ရှုပ်ထွေးခဲ့တယ်လို့ ထင်ပါတယ်။ မန်ဒီက ထိပ်တန်းဂိုးသမားပါ။ မန်ဒီနဲ့ဆို မနိုင်လောက်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ တကယ်ကို အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒီနေ့မှာလည်း အဲ့တာကို သက်သေပြခဲ့ပါတယ်။ ပြီးတော့ ပင်နယ်တီလည်း မဝင်ခဲ့ပါဘူး။ နီးတောင် မနီးစပ်ခဲ့ပါဘူး။ ကျွန်တော်တို့အားလုံး ဘယ်သူမဆို ပင်နယ်တီလွဲချော်နိုင်တယ်ဆိုတာကို သဘောတူကြပါတယ်။ ဒါပေမယ့် အခုဟာက မဖြစ်သင့်ပါဘူး။ သူက ဂိုးသမားကောင်းမဟုတ်ပါဘူး။ ပင်နယ်တီ အဆုံးအဖြတ်မှာ မန်ဒီကို ထုတ်ပြီး ကီပါကိုထည့်တဲ့ လူစားလဲမှုက တကယ့်ကိုဆိုးဝါးတဲ့လူစားလဲမှုပါ။ ကျွန်တော်  ပင်နယ်တီကန်ချိန်မှာ သူ့အပြုအမူကို မကြိုက်ပါဘူး။။  အဲ့နောက် သူက အဆိုးဝါးဆုံးပင်နယ်တီကို ကန်ခဲ့ပါတယ်”လို့ ရက်ပ်နက်က ပြောကြားခဲ့ပါတယ်။

တူချယ်ကတော့ “သူ့လူစားအပြောင်းအလဲနဲ့ပတ်သက်ပြီး နောင်တမရဘူးလို့ ပြောကြားခဲ့ပါတယ်။ ဘောလုံးပွဲက တကယ်ကောင်းတဲ့ပွဲဖြစ်နိုင်ပါတယ်။ တကယ်လည်း ပွဲကောင်းတစ်ပွဲဖြစ်လာခဲ့ပါတယ်။ စိတ်ပူစရာတွေမရှိသလို နောင်တလည်း မရပါဘူး။ ကီပါက ဒီမတိုင်ခင်မှာ အကောင်းဆုံးစွမ်းဆောင်ပြထားနိုင်ခဲ့ပါတယ်။ သူက ပင်နယ်တီကာကွယ်ရာမှာ တကယ်ကောင်းပါတယ်။ အဲ့တာကြောင့် ကျွန်တော်လူစားလဲခဲ့တာပါ။ ပင်နယ်တီက ပုံမှန် ၁၁ ယောက်ကန်ရတာပါ။ သူကန်ခဲ့တာက တော်တော်လေးမြန်ခဲ့ပါတယ်။ တစ်ခါတလေမှာ အမှားဆိုတာ ရှိတတ်ကြပါတယ်။ လူတွေက ဝေဖန်တတ်ကြတာ သဘာဝပါ”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #ချဲလ်ဆီး #ကီပါ #တူချယ် #ကာရာဘောင်ဖလား #ရက်ပ်နက်