ရှေ့သို့
Image

လီဗာပူးနဲ့ ပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက် အကောင်းဆုံး ပုံစံနဲ့ ပြန်လာမယ်လို့ ကီပါ ကြုံးဝါး

9:57 AM, 28 February

တနင်္ဂနွေနေ့က ကာရာဘောင်ဖိုင်နယ်မှာ လီဗာပူးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီးနောက် ကိုယ်တိုင်ပင်နယ်တီ လွဲချော်ခဲ့တဲ့ ကီပါက တွစ်တာမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာမယ်လို့ ကြုံးဝါးလိုက်ပါတယ်။

စပိန်သားဟာ အချိန်ပိုမိနစ်မှာ မန်ဒီအစား လူစားဝင်လာခဲ့တာဖြစ်ပေမယ့် ကိုယ်တိုင်မလွဲချော်ခင် လီဗာပူးရဲ့ပင်နယ်တီ ၁၁ ကြိမ်ကိုလည်း မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် အသင်းဖော်တွေ ၊ နည်းပြ နဲ့ ပရိသတ်တွေက သူ့ကိုအားပေးစကားဆိုခဲ့ကာ တွစ်တာမှာ အခုလိုတင်ခဲ့ပါတယ်။

“အတက် အကျဆိုတာက ရှိနေစမြဲပါ။ ဒီပြိုင်ပွဲမှာ အရေးနိမ့်ခဲ့သလို စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆက်ကြိုးစားနေမှာပါ။ ချဲလ်ဆီးမိသားစုကို ကျေးဇူးတင်ပါတယ်”လို့ ကီပါက တွစ်တာမှာ တင်ခဲ့ပါတယ်။

ကီပါဟာ အချိန်ပိုမိနစ်မှာ အရန်ခုံကနေ ပင်နယ်တီအတွက် လူစားဝင်လာခဲ့ပေမယ့် ကိုယ်တိုင် ပင်နယ်တီကန်ချက်တော့ လွဲချော်ခဲ့တာဖြစ်ပါတယ်။ တူချယ်က မန်ဒီအစား လူစားလဲခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အခုလို ကာကွယ်ပြောကြားလိုက်ပါတယ်။

“တစ်စုံတစ်ယောက် အပြင်တင်ချင်တယ်ဆိုရင် ကျွန်တော့်ကို အပြစ်တင်ပါ။ အဲ့တာက ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်က ဒီဟာကို ဆုံးဖြတ်ချက်ချခဲ့တာပါ။ ဟီးရိုးဖြစ်စေဖို့ လုပ်ဆောင်ခဲ့တာမဟုတ်ပါဘူး။ ပင်နယ်တီ ၁၁ ကြိမ်လောက်ကန်ခဲ့ပြီး ချန်ပီယံရှာဖွေခဲ့ရပါတယ်။ အဲ့တော့ အပြစ်တင်ချင်တယ်ဆိုရင် ကျွန်တော့်ကို အပြစ်တင်ပါ”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #ချဲလ်ဆီး #ကီပါ #တူချယ် #ကာရာဘောင်ဖလား