ရှေ့သို့
Image

နောက်ကျ အနိုင်ဂိုးကြောင့် စီးရီးအေ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်လာတဲ့ နာပိုလီ

8:28 AM, 28 February

နာပိုလီအသင်းဟာ ဖေဘီယန်ရုဇ်ရဲ့ နောက်ကျအနိုင်ဂိုးနဲ့အတူ လာဇီယိုကို အဝေးကွင်းမှာ အနိုင်ယူပြီး စီးရီးအေ အမှတ်ပေးဇယားထိပ်ပိုင်းကို တက်ရောက်နိုင်ခဲ့ပါတယ်။ အင်ဆစ်ဂနီက ဧည့်သည်အတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ပထမပိုင်းမှာတော့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာ ပြိုင်ဘက်တွေဖြစ်တဲ့ အေစီမီလန်နဲ့ အင်တာမီလန်တို့က သောကြာနေ့မှာ အသီးသီးသရေကျခဲ့တာဖြစ်ပါတယ်။ အေစီမီလန်နဲ့ head-to-head အနေအထားမှာ လာဇီယိုက အသာရထားတာကြောင့် အမှတ်ပေးဇယားထိပ်ပိုင်းကို တက်ရောက်နိုင်ခဲ့ပါတယ်။

အင်တာက လာဇီယိုနဲ့ ၂ မှတ် အကွာအနေအထားကို ရောက်နေပေမယ့် လက်ထဲမှာ ၁ ပွဲ ကျန်ရှိနေတာဖြစ်ပါတယ်။  နာပိုလီဟာ မာရာဒိုနာရှိစဉ်တုန်းက စီးရီးအေ ဆုဖလား ၂ ကြိမ်ရရှိထားပြီး ၁၉၈၇ နဲ့ ၁၉၉၀ မှာရရှိခဲ့တာဖြစ်ပါတယ်။

ရိုးမားကတော့ အေဘရာဟမ်ရဲ့ ၉၈ မိနစ် သွင်းဂိုးနဲ့ စပီဇီယာကို အနိုင်ရရှိခဲ့ပါတယ်။ အင်္ဂလန်သားက စီးရီးအေမှာ ၁၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး တိုရီနိုစတား ဟစ်ချန်ပြီးနောက် စီးရီးအေမှာ ဂိုးအများဆုံး သွင်းတဲ့ အင်္ဂလန်လိပ်ကစားသမားဖြစ်လာခဲ့ပါတယ်။

#စီးရီးအေ #နာပိုလီ #လာဇီယို #အင်ဆစ်ဂနီ