ရှေ့သို့
Image

၃ နှစ်အရွယ် သူ့သမီးလေးတောင် ပင်နယ်တီပေးရမယ်မှန်း သိတယ်လို့ လမ်းပတ် ပေါက်ကွဲ

7:25 PM, 27 February

အဲဗာတန်အသင်းနည်းပြ ဖရန့်လမ်းပတ်က မန်စီးတီးကို ဝ-၁ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပင်နယ်တီရဖို့ ငြင်းဆန်ခံလိုက်ရပြီးနောက် ၃နှစ်သာရှိသေးတဲ့ သူ့သမီးလေးတောင် ရိုဒရီ လက်ထိသွားတာကို မြင်တွေ့လိမ့်မယ်လို့ ပြောပါတယ်။

စပိန်နိုင်ငံသား ရိုဒရီဟာ ပွဲပြီးခါနီး မန်စီးတီးဧရိယာထဲ ဘောလုံးကို လက်နဲ့ သိသိသာသာထိန်း ယူသွားတာဖြစ်ပေမယ့် ကွင်းလယ်ဒိုင် ပေါလ်တီယာနေးနဲ့ VAR ဒိုင် ခရစ္စကာဗန်နာတို့က ဆက်ကစားဖို့ အချက်ပေးခဲ့ပါတယ်။

အဲဒီမှာ လမ်းပတ်က လမ်းတောင်ကောင်းကောင်းမလျှောက်တတ်သေးတဲ့ သူ့သမီးလေးတောင် ဒီဖြစ်ရပ်အတွက် ပင်နယ်တီပေးရမယ်မှန်း သိတယ်လို့ ဝေဖန်လိုက်ပြီး ပွဲတာဝန်ရှိသူတွေရဲ့ အရည်အချင်းမပြည့်ဝတဲ့ ညံ့ဖျင်းမှုတွေကို ဝေဖန်သွားပါတယ်။

''ကျွန်တော့်မှာ ၃နှစ်အရွယ် သမီးလေးတစ်ယောက် ရှိပါတယ်။ သမီးလေးတောင် ဒါက ပင်နယ်တီပေးရမယ်မှန်း သိမှာပါ။ ဒါက ပွဲတာဝန်ရှိသူတွေနရဲ့ အရည်အချင်းမပြည့်ဝမှုကို ထင်ဟပ်စေတဲ့ အကောင်းဆုံးဥပမာပါပဲ''လို့ လမ်းပတ်က ပြောပါတယ်။

မန်စီးတီးဟာ ဖိုဒန်ရဲ့နောက်ကျသွင်းဂိုးကြောင့် ဂွတ်ဒီဆင်ပါ့ခ်မှာ အမှတ်ပြည့်ရယူနိုင်ခဲ့ပြီး ဒုတိယနေရာက လီဗာပူးကို ၁ပွဲပိုနဲ့ ၆ မှတ်ပြန်ဖြတ်ကာ ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နေပါတယ်။

စီးတီးဟာ အင်္ဂါနေ့မှာ အက်ဖ်အေဖလား ပဉ္ပမအဆင့်ပွဲစဉ်အဖြစ် ပီတာဘရော့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဒါဘီပြိုင်ဘက် ယူနိုက်တက်ကို ဧည့်ခံရမှာဖြစ်ပါတယ်။ 

#မန်စီးတီး #အဲဗာတန် #လမ်းပတ်