ရှေ့သို့
Image

ကစားသမားသစ်၃ဦးသာ ရောက်မလာရင် ဘာကာ ဘာဖြစ်သွားမလဲဆိုတာ မသိပါဘူးလို့ ဇာဗီဝန်ခံ

3:33 PM, 27 February

ဇာဗီက ဘာစီလိုနာအသင်းအနေနဲ့ ထရာအိုရေး၊ အူဘာမီယန်းနဲ့ ဖာရန်တောရက်စ်တို့သာ ရောက်မလာရင် တော်တော်လေး ခက်ခဲတဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

အဆိုပါတိုက်စစ်ကစားသမားသစ်၃ဦးနဲ့အတူ ဘာစီလိုနာတို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ပြန်ရောက်လာခဲ့ပြီး ယူရိုပါလိဂ်မှာလည်း နာပိုလီကို ကျော်ဖြတ်ကာ ၃၂သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ 

လူသစ်တွေ ခေါ်ယူခဲ့ပေမဲ့ ဇာဗီက ကစားသမားသစ်တွေရဲ့ ခြေစွမ်းအဆင့်အတန်းကို မြင်ပြီး တော်တော်လေး အံ့အားသင့်ခဲ့ရကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ဇာဗီက “သူတို့သာ ရောက်မလာရင်  ဘာဖြစ်မလဲ ကျွန်တော် မပြောတတ်ပါဘူး။ အသင်းကို ကိုင်တွယ်ဖို့က အလွန်ခက်ခဲသွားမယ်ဆိုတာ ရှင်းလင်းပါတယ်။ အူဘာမီယန်းက ကစားသမားဘ၀တစ်လျောက် ဂိုးတွေအများကြီး သွင်းခဲ့တာကြောင့် ကျွန်တော့်ကို မအံ့ဩစေပါဘူး”

“သူက အလုပ်လုပ်ချိန် ကျွန်တော့်ကို အများကြီး အံ့အားသင်စေ့ခဲ့ပါတယ်။ အဒါမာက ဆုံးဖြတ်ချက်ချတာတွေ၊ ရင့်ကျက်လာတာတွေမှာ ကျွန်တော်တို့ အံ့အားသင့်စေပါတယ်။ ဖာရန်ကတော့ ကျွန်တော့်အတွက် နောက်တစ်ဆင့်က ကစားသမား၁ယောက်ပါ”

“ကျွန်တော် သူ့ကို ခေါ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ သူက အရမ်းကောင်းတဲ့ ကစားသမားဖြစ်ပြီး ကမ္ဘာ့အဆင့်ပါပဲ။ သူက ကျွန်တော်တို့ အံ့အားအသင့်စေဆုံး ကစားသမား ဖြစ်ပါတယ်။ အဲ့ဒီလို ခြေစွမ်းမျိုး ပြနိုင်မယ်လို့ မျှော်လင့်ပြီးသား ဖြစ်ပေမဲ့ တကယ်တမ်းမှာ အံ့ဩခဲ့ရတယ်ဆိုတာ အတည်ပြုပါတယ်”လို့ ပြောခဲ့ပါတယ်။

ပြိုင်ပွဲစုံ ၁၈ပွဲကစားထားရာမှာ ထရာအိုရေး၊ အူဘာမီယန်းနဲ့ ဖာရန်တောရက်စ်တို့ ၃ဦးပေါင်း ၆ဂိုးသွင်းကာ ၇ဂိုးဖန်တီးခဲ့ပါတယ်။

ဘာစီလိုနာကို ရောက်လာပြီးနောက် ဇာဗီရဲ့ ဘောလုံးကိုင်ပြီး ကစားတဲ့ စတိုင်ကို ပြန်ပြောင်းခဲ့တဲ့အတွက် ကစားသမားတွေက အသိအမှတ်ပြု ချီးကျူးခဲ့ကြပါတယ်။

#ဇာဗီ #ဘာစီလိုနာ #ဖာရန်တောရက်စ် #အူဘာမီယန်း #ထရာအိုရေး