ရှေ့သို့
Image

လိဒ်စ်ယူနိုက်တက်နဲ့ နည်းပြကြီး ဘီယဲလ်ဆာ လမ်းခွဲလိုက်ပြီလို့ သတင်းထွက်

1:23 PM, 27 February

သတင်းတွေရဲ့ဖော်ပြချက်အရ လိဒ်စ်ယူနိုက်တက်အသင်းနည်းပြ မာဆယ်လိုဘီယဲလ်ဆာဟာ အသင်းနှင့် နှစ်ဘက်သဘောတူညီမှုနဲ့အတူ အသင်းကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။

talkSPORT သတင်းဌာနရဲ့ဖော်ပြချက်အရ ဘီယဲလ်ဆာဟာ စနေညက တော့တင်ဟမ်ကို ဝ-၄ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြရာထူးကနေ ထွက်ခွာဖို့ သဘောတူညီခဲ့တာဖြစ်ကြောင်း သိရပါတယ်။

လိဒ်စ်ဟာ နောက်ဆုံး ၅ပွဲမှာ စုစုပေါင်း ဂိုး ၂၀ အထိ ပေးခဲ့ရပြီး တန်းဆင်းဇုန်နဲ့ ၂ မှတ်အကွာ အဆင့် ၁၆ နေရာမှာ ရပ်တည်နေရပါတယ်။

ဘီယဲလ်ဆာဟာ လိဒ်စ်ယူနိုက်တက်နည်းပြအဖြစ် ၃နှစ်ခွဲကျော် တာဝန်ယူခဲ့တ့ကာလအတွင်း အသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်စေဖို့ ဦးဆောင်နိုင်ခဲ့ပြီး သတင်းတွေရဲ့ဖော်ပြချက်အရ လိဒ်စ်က လိုက်ပ်ဇစ်နဲ့ ဆဲလ်ဘတ်နည်းပြဟောင်း ဂျက်ဆီမာ့ရှ်ကို ဘီယဲလ်ဆာရဲ့နေရာမှာ အစားထိုး ခန့်အပ်လိုနေတယ်လို့ သိရပါတယ်။

ဘီယဲလ်ဆာဟာ ၂၀၁၈ မှာ လိဒ်စ်ကို စတင်တာဝန်ယူခဲ့ပြီး ၂၀၁၉-၂၀ ရာသီမှာတော့ ၁၆နှစ်ကြာ ပရီးမီးယားလိဂ်နဲ့ ကင်းဝေးနေမှုကို အဆုံးသတ်ကာ တန်းတက်နိုငခဲ့ပါတယ်။

လိဒ်စ်ဟာ ပြီးခဲ့တဲ့ရာသီက ပရိသတ်အကြိုက် တိုက်စစ်ကစားနဲ့အတူ အဆင့် ၉ နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ရလဒ်တွေဆိုးရွားနေပြီး အခုဆိုရင် တန်းမဆင်းရဖို့တောင် စိုးရိမ်နေရပါတယ်။

ဘီယဲလ်ဆာဟာ တော့တင်ဟမ်ကို ဝ-၄ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ရှုံးပွဲအတွက် အသင်းသားတွေကို ဝေဖန်အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

#လိဒ်စ်ယူနိုက်တက် #ဘီယဲလ်ဆာ