ရှေ့သို့
Image

ဘန်ဇီးမားရဲ့ နောက်ကျဂိုးဖြင့် ဗယ်လက်ကာနိုအား နိုင်ခဲ့တဲ့ ရီးရဲလ်

11:16 AM, 27 February

ဗယ်လက်ကာနို ၀ - ၁ ရီးရဲလ်မက်ဒရစ် (လာလီဂါပွဲစဉ်၂၆)

ဘန်ဇီးမား ၈၃’


အိမ်နီးချင်းအသင်းတစ်သင်းဖြစ်တဲ့ ဗယ်လက်ကာနိုအသင်းကို ရီးရဲလ်ဟာ တိုက်စစ်မှူး ဘန်ဇီးမားရဲ့ ပွဲချိန်၈၃မိနစ်တွင် သွင်းယူတဲ့ ဂိုးတစ်ဂိုးဖြင့် အနိုင်ရကာ ဇယားထိပ်တွင် ၉မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။

အသင်းဖော် ဗင်နီစီးယက်စ်နဲ့ ဝမ်းတူးရိုက်ကစားခဲ့တာ ဖြစ်ပြီး ဘရာဇီးသားရဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့ ပေးပို့မှုကနေ ဘန်ဇီးမားက ၆ကိုက်အကွာကနေ ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲ ကန်သွင်းယူခဲ့ပါတယ်။

ပထမပိုင်းမှာ ကွင်းလယ်လူ ကက်စမဲရိုး တစ်ဂိုးသွင်းယူခဲ့ပေမယ့် VAR က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဗယ်လက်ကာနိုကလည်း ပြိုင်ဘက်ခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပြီး အခွင့်အရေးတွေ ရခဲ့ပါတယ်။

တိုက်စစ်မှူး ဂွါဒီယိုလာဟာ ကန်သွင်းချက် ၈ကြိမ်အထိ ရခဲ့ပြီး ခေါင်းတိုက်ချက်တွေက ဂိုးပေါက်နဲ့ လွဲခဲ့ပါတယ်။ ထရီဂျိုနဲ့ဂါစီယာတို့ရဲ့ ကန်ချက်တေါကိုလည်း ဂိုးသမားကော်တွိုက်စ် နှစ်ကြိမ်တိုင် လက်စွမ်းပြ ကာကွယ်ခဲ့လို့သာ ရီးရဲလ်အသက်ရူချောင်ခဲ့ရတာပါ။

ဇီဒန်းရဲ့သားဖြစ်သူ ဗယ်လက်ကာနိုဂိုးသမား လူကာဇီဒန်းကလည်း အသင်းဟောင်းနဲ့ရင်ဆိုင်ရာမှာ လက်စွမ်းပြခဲ့ပြီး အဆမ်စီရိုရဲ့ ကန်ချက်ကို ကာကွယ်ခဲ့ပါတယ်။

၂၀၂၂တွင် ဗယ်လက်ကာနိုဟာ နိုင်ပွဲမရသေးဘဲ လိဂ်၅ပွဲဆက်တိုက် ရှုံးနိမ့်ထားပါတယ်။

တဖက်မှာတော့ အက်သလက်တီကိုက ဆဲလ်တာဗီဂိုအသင်းကို ၂ဂိုးပြတ် နိုင်ကာ ဘာစီလိုနာရဲ့ အဆင့်၄နေရာကို ပြန်လည်ရယူထားပါတယ်။

ကွင်းလယ်လူ ကွန်ဒိုဘီယာရဲ့ ပေးပို့မှုကနေ နောက်ခံလူ လိုဒီက ၂ဂိုးစလုံးကို သွင်းယူခဲ့ကာ အသင်းအတွက် ဂိုးသွင်းမှတ်တမ်းကောင်းတွေ ရယူထားပါတယ်။ ယနေ့တွင်တော့ ဒုတိနေရာက ဆီဗီလာက ဘက်တစ်ကို ဧည်ခံရမှာ ဖြစ်သလို ဘာစီလိုနာက အိမ်ကွင်းမှာ ဘီလ်ဘာအိုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


#ရီးရဲလ်မက်ဒရစ် #ဗယ်လက်ကာနို လာလီဂါ