ရှေ့သို့
Image

ချဲလ်ဆီးမှာ အဆိုးဆုံးအခြေအနေတွေကို ဘယ်လိုရှောင်လွှဲရမယ်ဆိုတာ လူကာကူကို အကြံပေးလိုက်တဲ့ ကိုင်ဟားဗက်ဇ်

9:44 AM, 26 February

ကိုင်ဟားဗက်ဇ်က ချဲလ်ဆီးမှာ ဆိုးရွားတဲ့အရာအားလုံးကို ပြောင်းလဲပစ်နိုင်ခဲ့တဲ့ အခိုက်အတန့်အကြောင်း ပြောပြလာခဲ့ပါတယ်။

ကိုင်ဟားဗက်ဇ်ဟာ ချဲလ်ဆီးမှာ ကပ်ဘေးနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုပြီး သမိုင်းထဲပါတော့မယ့်ဆဲဆဲ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဂိုးသွင်းကာ အရာအားလုံးကို ပြောင်းလဲခဲ့ရပါတယ်။ အောင်မြင်မှုနဲ့ ကျရှုံးမှုကြား အလွှာပါးလေးသာ ခြားပြီး ဟားဗက်ဇ်တစ်ယောက် လက်ရှိ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ လူကာကူတစ်ယောက် ဘယ်လို ပြောင်းလဲပစ်နိုင်တယ်ဆိုတာ ပြောပြသွားခဲ့ပါတယ်။

ဟားဗက်ဇ်က “ချန်ပီယံလိဂ်ဗိုလ်လုပွဲ အနိုင်ဂိုးက အရာအားလုံးကို ပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်သာ အဲ့ဒီဂိုးမသွင်းနိုင်ခဲ့ရင် အားလုံးက ချဲလ်ဆီး ပထမရာသီမှာ ကျွန်တော် ကပ်ဘေးနဲ့ ကြုံခဲ့ရတယ်ဆိုပြီး ပြောကြတော့မှာပါ”“ကျွန်တော် ဒီကိုရောက်တော့ အသက်၂၀၊ ၂၁နှစ်အရွယ်ဖြစ်ပြီး အဲ့ဒီလို အခြေအနေမျိုးကို အလုံးစုံ ပြောင်းလဲပစ်လိုက်နိုင်ဖို့က မလွယ်ပါဘူး။ အလုံးစုံအကြောင်း ပြောရရင် ချန်ပီယံလိဂ်ဂိုးက လွဲရင် ကျွန်တော် ဘာကိုမှ မကျေနပ်ပါဘူး”

“ဒီလိဂ်နဲ့ ဒီအသင်းမှာ အသားကျဖို့ ၁နှစ်၊ ၂နှစ်၊ ၃နှစ်လောက်ထိ အချိန်ယူရနိုင်ပြီး အဲ့ဒီသွင်းဂိုးကပဲ ကျွန်တော့်ကို အများကြီး အကူအညီ ဖြစ်စေခဲ့ပါတယ်။ ကျွန်တော်သာ မသွင်းနိုင်ခဲ့ဘူးဆိုရင် ဒီကောင်က အရမ်းညံ့တာပဲလို့ ပြောကြမယ် ထင်ပါတယ်။ ၁နှစ်တာအရာအားလုံးကို ၂စက္ကန်တည်းနဲ့ ပြောင်းလဲပစ်နိုင်ခဲ့တာပါ။ သေးငယ်တဲ့အရာလေးက အားလုံးကို ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ကိုင်ဟားဗက်ဇ်က ချဲလ်ဆီးတိုက်စစ်မှူးနေရာအတွက် လူကာကူနဲ့ နေရာလုနေရပေမဲ့ ပြိုင်ဘက်လို မသတ်မှတ်ပဲ သူငယ်ချင်းလိုပဲ သဘောထားပါတယ်လို့ ဆိုခဲ့ပါတယ်။

“အဲ့ဒီခံစားချက်ကို ကျွန်တော်သိပါတယ်။ ပေါင် သန်း၁၀၀နဲ့ ဒီကို ရောက်လာချိန် ပွဲစ၊ ပွဲဆုံး အားလုံးက မျက်လုံးနဲ့ ကြည့်နေကြပြီး အကောင်းဆုံး ဖြစ်စေချင်ကြပါတယ်။ ကျွန်တော်တို့က လူသားတွေဖြစ်တာကြောင့် အမှားလုပ်နိုင်ပေမဲ့ အဲ့ဒီအပြင် လူကာကူအတွက် ကျွန်တော်တို့ တော်တော်စိတ်မကောင်းပါဘူး”

“ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲမှာ သူဂိုးသွင်းခဲ့တာတွေကို မမေ့သင့်ပါဘူး။ ဒီလိုအခြေအနေမျိုး ကြုံခဲ့ရတာ ကျွန်တော်က ပထမဆုံး မဟုတ်ပါဘူး။ အဲ့ဒီအခြေအနေမျိုး ကြုံခဲ့ရတဲ့ ချဲလ်ဆီးကစားသမား အများကြီး ရှိခဲ့ပါတယ်။ လူကာကူကလည်း ပထမဆုံး မဟုတ်သလို နောက်ဆုံးလည်း မဟုတ်ပါဘူး။ ဒီလို အခြေအနေကို ကျော်ဖြတ်နိုင်ဖို့ အချိန်တစ်ချို့ လိုပါတယ်”လို့ ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #ဟားဗက်ဇ် #လူကာကူ