ရှေ့သို့
Image

ရုရှားရဲ့ ကျူးကျော်မှုအပြီး အေဘရာမိုဗစ်ချ်ကြောင့် ချဲလ်ဆီးအပေါ် သက်ရောက်မှုတွေကို ရှင်းပြသွားတဲ့ တူချယ်

9:27 AM, 26 February

သောမက်စ် တူချယ်က အသင်းပိုင်ရှင် ရုရှားသူဌေး ရိုမန် အေဘရာမိုဗစ်ချ်ကြောင့် ချဲလ်ဆီးအသင်းအပေါ် ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်ဆိုတာ နားလည်ကြောင်း ဝန်ခံခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြက ကစားသမားတွေဟာ ရုရှားက ယူကရိန်းကို ကျူးကျော်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်ကာ အာရုံဝေဝါးနေကြောင်းလည်း ဖွင့်ဟခဲပါတယ်။ လေဘာပါတီအမတ် ခရစ္စ ဘရိုင်ယန့်က လွှတ်တော်အာဏာကို အသုံးပြုကာ ရုရှားဘီလျံနာ အေဘရာမိုဗစ်ဟာ ပူတင်နဲ့ အဆက်အသွယ်တွေ ရှိတာကြောင့် ချဲလ်ဆီးကို မပိုင်ဆိုင်သင့်ဘူးလို့ တင်ပြထားခဲ့ပါတယ်။

တူချယ်က လက်ရှိ အခြေအနေတွေအားလုံးဟာ ဆိုးရွားတယ်လို့ ပြောခဲ့ပေမဲ့ ဖြစ်ပေါ်နေတဲ့ အရာတွေကြောင့် ချဲလ်ဆီးနဲ့ ကာရာဘောင်ဖလား ပြင်ဆင်မှုတွေအပေါ် အရိပ်လိုလိုက်နေမယ်ဆိုတာ လက်ခံထားတယ်လို့ ဆိုခဲ့ပါတယ်။

တူချယ်က “ကျွန်တော်တို့ အဲ့ဒါကို နားလည်ပြီး အဲ့ဒါက ကျွန်တော်တို့ကို စိုးရိမ်မှုတွေ၊ စိတ်ဝေဝါးမှုတွေ ဖြစ်ပေါ်စေပါတယ်။ သေချာတာကတော့ ဒီလိုအမြင်တွေက အသင်းအပေါ်နဲ့ အသင်းအပေါ် ကိုယ်စားပြုသူတွေအပေါ် ရိုက်ခတ်လာမှာပါပဲ။ အဲ့ဒါကို ကျွန်တော်တို့ နားလည်ပြီး အဲ့ဒီအခြေအတွေကနေ လုံး၀ကြီး မလွတ်မြောက်နိုင်ပါဘူး”

“အဲ့ဒါကပြဿနာတစ်ခု မဟုတ်ဘူးဆိုပြီး ကျွန်တော်တို့ ဟန်ဆောင်ပြမနေနိုင်ပါဘူး။ အဲ့ဒါက ကျွန်တော်၊ ဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ လေ့ကျင့်ရေးကွင်းကသူအားလုံးအတွက် အခရာကျတဲ့အရာပါပဲ။ ဒီအခြေအနေက ဆိုးရွားပါတယ်”“ဘယ်သူကမှ ဒါကို မမျှော်လင့်ထားပါဘူး။ အဲ့ဒါက တော်တော်လေး မယုံနိုင်စရာဖြစ်ပြီး ကျွန်တော်တို့စိတ်ကို လွှမ်းမိုထားပါတယ်။ ဒါကဗိုလ်လုပွဲအတွက်ပါ လွှမ်းမိုးနေပြီး မသေချာမှု ကြီးမားစွာ ဖြစ်ပေါ်စေပါတယ်”

“ဒီလိုအခြေအနေမှာ တကယ်ကြုံတွေ့နေရတဲ့ မိသားစုတွေက ကျွန်တော်တို့ထက် အများကြီးပိုဆိုးပါတယ်။ သူတို့အတွက် ကျွန်တော်တို့ အကောင်းဆုံး ဖြစ်စေဖို့ ဆုတောင်းပေးပါတယ်။ ကျွန်တော်နဲ့ ကစားသမားတွေ အနေနဲ့ ခုဖြစ်နေတာတွေအတွက် အမြင်ကို ဝင်ပြောခွင့်မရှိတာကို နားလည်ပေးစေချင်ပါတယ်”“အခုအချိန်မှာ ဒီလိုအရာအတွက် ကျွန်တော်တို့ တာဝန်ရှိတယ်လို့ မခံစားရပါတယ်။ အဲ့ဒါက ဆိုးရွားတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဥရောပမှာ စစ်ပွဲဆိုတာမျိုးက ကျွန်တော် အချိန်အကြာကြီး မစဉ်းစားမိတဲ့အရာတစ်ခု ဖြစ်ပါတယ်”“သက်ရောက်မှုက ရှင်းလင်းပြီး ဆွေးနွေးမှုတွေမှာလည်း သက်ရောက်မှု ရှိပါတယ်။ နောက်ထပ်နည်းနည်းလေး ဘာဖြစ်လာမလဲဆိုတာ စိတ်ရှည်ရှည်စောင်ပြီး အဲ့ဒီအချိန်ကျရင်တော့ ကျွန်တော်တို့ ရင်ဆိုင်နိုင်မယ်လို့ ထင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

တူချယ်က လက်ရှိ ယူကရိန်းက အခြေအနေအပေါ် ပြောဆိုနေတာတွေကို ဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ သူ့အကြား ပိတ်ပင်နိုင်ဖို့ မရှိပဲ စစ်ပွဲကြောင့် အားလုံးကို တော်တော်လေး စိတ်ထိခိုက်စေတယ်လို့လည်း ဝန်ခံသွားခဲ့ပါတယ်။

#ချဲလ်ဆီး #တူချယ် #အီဘရာဟီမိုဗစ် #ရုရှား