ရှေ့သို့
Image

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ဗြိတိန်ဝင်ခွင့်ပိတ်ခံရတဲ့ ချဲလ်ဆီးအသင်း ပိုင်ရှင် အီဗရာမိုဗစ်

2:54 PM, 25 February

ချဲလ်ဆီး အသင်းပိုင်ရှင် ရိုမန်အီဗရာမိုဗစ်ဟာ စတန်းဖို့ ဘရစ်မှာ ရုံးမထိုင်တာ လအတော်ကြာပြီ ဖြစ်ပြီး နောက်တခါ လာရောက် ရုံးထိုင်ဖို့လဲ မလွယ်တော့ပါဘူး။ အစီရင်ခံစာတွေအရ သူ့ကို ဗြိတိန်ဝင်ခွင့် ပိတ်ခံရတယ်လို့ သိရပါတယ်။

ရုရှားသမ္မတ ဗယ်လာဒီမာ ပူတင်နဲ့ ရင်းနှီးနဲ့ ပတ်သက်မှုရှိတာကြောင့် သူ့ကို ဗြိတိန်မှာနေထိုင်ခွင့် ဗြိတိန်နိုင်ငံသားခံယူခွင့်ကို ပိတ်ပင်သွားမယ်လို့ သိရပါတယ်။ The Sun သတင်းအဆိုအရ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေဟာ မိုဗစ်ကို ဗြိတိန်မှာ နေထိုင်ဖို့ ပိတ်လိုက်တယ်လို့ သိရပါတယ်။ ဒီလိုအလားတူဖြစ်ရပ်မျိုးကို အရင်ကလဲ ဖြစ်ဖူးပါတယ်။ မိုဗစ်ရဲ့ ရင်းနှီးမြှုပ်နှံသူအဖြစ် ဗီဇာကို ၂၀၁၈ ခုနှစ်မှာ ဗြိတိန်နဲ့ ရုရားနှစ်နိုင်ငံ နိုင်ငံရေး အခြေအနေကြောင့် ခွင့်ပြုခြင်းမခံခဲ့ရပါဘူး။

"ကျွန်တော်တို့မှာ မိုဗစ်နဲ့ ပတ်သက်တဲ့ ၂၀၁၉ ခုနှစ်ထဲက စာရွက်စာတမ်းတွေကို ရရှိထားပါတယ်။ ဗြိတိန်အစိုးရရဲ့ ရုရှားအပေါ် ထားရှိတဲ့ မူဝါဒအရ တရားမဝင်ငွေကြေးစီးဆင်းမှုနဲ့ ဥပဒေပြင်ပ အပြုအမူတွေကို ဦးတည် နှိမ်နှင်းသွားဖို့ရှိပါတယ်။ မိုဗစ်ကို ရုရှားနိုင်ငံနဲ့ ပတ်သက်မှု သူ့ရဲ့ အဖွဲ့အစည်းအတွင်း ငွေကြေးခြစားမှုတွေနဲ့ ပတ်သက်လို့ ဗြိတိန်အစိုးရက စိုးရိမ်မှုတွေ ရှိပါတယ်"

"ဒါကြောင့် အစိုးရအနေနဲ့ မိုဗစ်နဲ့ ပတ်သက်ပြီး တရားမဝင်ငွေကြေးစီးဆင်းမှုနဲ့ အန္တရာယ်ရှိတဲ့ လုပ်ရပ်တွေ မပြုလုပ်နိုင်ဖို့ တတ်နိုင်သမျှ ကာကွယ်သွားပါမယ်။ ဒါ‌တွေကြောင့် ပြည်ဝင်ခွင့်ကို ပိတ်ပင်သွားပါမယ်""ဒီကိစ္စနဲ့ ဆက်စပ်လို့ လွန်ခဲ့တဲ့ သုံးနှ်လောက်ကထဲက ဆောင်ရွက်ခဲ့တာလဲ ရှိပါတယ်။ သေချာပါတယ် အီဗရာမိုဗစ်ဟာ ဒီနိုင်ငံမှာ ဘောလုံးအသင်း ပိုင်ဆိုင်ဖို့ မသင့်တော့ပါဘူး"လို့ ဆိုလိုက်ပါတယ်။

စစ်ရေးပဋိပက္ခ လက်ရှိမှာ ရုရှား သမ္မတ ပူတင်ဟာ ယူကရိန်းကို စစ်ရေးလှုပ်ရှားမှုတွေ ပြုသွားမယ်လို့ အတည်ပြုပြောကြားထားပြီး ယူကရိန်းမြို့တွေဖြစ်တဲ့ ကိဗ် ၊ ကာကော့ ၊ မာရီပူး ၊ ဒိုအီဆာ နဲ့ ခရာ‌မာတော့ မြို့တွေကို ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေ ပြုနေပါတယ်။

"စစ်ရေးလှုပ်ရှားမှု ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြီးခဲ့တဲ့ ၈ နှစ်ကထဲက ဒီဒေသမှာရှိတဲ့ လူတွေကို လူမျိုးတုန်းသတ်ဖြတ်ဖို့ ၊ လူမျိုးခွဲခြားမှု တွေကို ကာကွယ်နိုင်ဖို့ ဆောင်ရွက်ရတာပါ"လို့ ပူတင်က ဆိုထားပါတယ်။

#ချဲလ်ဆီး #အီဘရာဟီမိုဗစ် #ရုရှား