ရှေ့သို့
Image

ယူကရိန်းက မိဘတွေရဲ့အသံကို ပြန်ကြားရတာ နာကျင်ရပါလို့ ပြောလာတဲ့ မိုင်ကိုလန်ကို

2:04 PM, 25 February

အဲဗာတန်နဲ့ ယူကရိန်းကြယ်ပွင့် ဗီတာလီ မိုင်ကိုလန်ကိုက ရုရှားရဲ့ ကျူးကျော်မှုအပေါ် အင်စတာဂရမ်ကနေ ခံစားချက်အပြည့်နဲ့ ရေးသားသွားခဲ့ပါတယ်။

ဗလာဒီမာ ပူတင်က ရုရှားစစ်တပ်ကို စစ်ဆင်ရေးစဖို့ ကြေညာခဲ့ပြီးနောက် မိုင်ကိုလန်ကိုတစ်ယောက် ဝမ်းနည်းနေကြောင်း တင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ နောက်ထပ်ပို့စ်တစ်ခု ထပ်တင်ခဲ့တာပါ။ ယမန်နေ့ နေ့လည်က တင်ခဲ့တဲ့ပို့စ်မှာ မိုင်ကိုလန်ကိုက ယူကရိန်းမှာ ရှိနေဆဲဖြစ်တဲ့ မိသားစုတွေရဲ့ အခြေအနေ အသေးစိတ်ကို ပြောပြလာခဲ့ပါတယ်။

မိုင်ကိုလန်ကိုက “ရုရှားစစ်တပ်က ယူကရိန်းမြို့တွေက ပြည်သူတွေကို သတ်နေတယ်ဆိုတာ ကမ္ဘာတစ်ခုလုံးကို သိစေချင်ပါတယ်။ ရုရှားမီဒီယာတွေက ဒိုးနက်စ်နဲ့ လူဟန့်စ်တို့ကို ကာကွယ်နေတယ်လို့ ရေးနေကြပြီး အဲ့ဒါတွေက မမှန်ပါဘူး။ အချင်းချင်းမကူညီနိုင်ပဲ ဒုက္ခရောက်နေကြတဲ့ မိဘတွေရဲ့ အသံကို ကြားရတာ တော်တော်လေး ဝမ်းနည်းဖို့ ကောင်းပါတယ်။ ကျွန်တော်ဆိုလည်း မိဘတွေကို ကူညီနိုင်ခြင်း မရှိပါဘူး။ ကမ္ဘာတစ်ခုလုံးကို ကျွန်တော့် မွေးရပ်မြေကို ကာကွယ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ယူကရိန်းသားတစ်ယောက် ဖြစ်ရလို့ ကျွန်တော် ဂုဏ်ယူပါတယ်။ ယူကရိန်းအောင်မြင်ပါစေ”လို့ ရေးသားခဲ့ပါတယ်။

မိုင်ကိုလန်ကိုဟာ ဇန်နဝါရီအပြောင်းအရွှေ့က အဲဗာတန်ကို ပြောင်းလာခဲ့ကာ ၄နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

#အဲဗာတန် #မိုင်ကိုလန်ကို