ရှေ့သို့
Image

ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုကို ဆန့်ကျင်ကြောင်း တိုက်စစ်မှူး ဆမိုလော့ဗ် ဖွင့်ဟလာ

12:58 PM, 25 February

ရုရှားနဲ့ ဒိုင်နမိုမော်စကို တိုက်စစ်မှူး ဖီဒို ဆမိုလော့ဗ်က ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုကို ဆန့်ကျင်ကြောင်း အင်စတာဂရမ်ကနေတစ်ဆင့် ခံစားချက်ရင်ဖွင့်သွားခဲ့ပါတယ်။

ဗလာဒီမာ ပူတင်ဟာ ကြာသပတေးနံနက်က ယူကရိန်းထံ နယ်စပ်ဖြတ်ကျော်ကာ စစ်တပ်တွေ စေလွှတ်ခဲ့ပြီး တင့်ကားတွေ၊ ဟယ်လီကော်ပတာတွေ ဒုန်းကျည်တွေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ခရုဇ်ဒုံးကျည်တွေ၊ guided bombsတွေ၊ GRAD ရော့ကတ်တွေဟာ ယူကရိန်းတို့ရဲ့ လေတပ်စခန်းတွေ၊ လက်နက်သိုလှောင်ရုံတွေ၊ စစ်ဌာနချုပ်တွေပေါ်ကို ကျရောက်ကာ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုနှုန်းင သေသေချာချာ မသိရသေးပဲ ယူကရိန်းတာဝန်ရှိသူတစ်ဦးကတော့ ကနဦး တိုက်ပွဲတွေကြား ရာနဲ့ချီ ကျဆုံးခဲ့တယ်လို့ ပြောခဲ့ကာ အခြားတစ်ယောက်ကလည်း အနည်းဆုံး ၄၀ရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုက ဒုတိယကမ္ဘာစစ်အပြီး ဥရောပမှာ အကြီးမားဆုံး သွေးစွန်းမှု ဖြစ်လာခဲ့ပါတယ်။

မန်စီးတီးနဲ့ ယူကရိန်းနောက်ခံလူ ဇင်ချန်ကိုဟာ အဆိုပါ ကျူးကျော်မှုအကြောင်း ပထမဆုံးပြောတဲ့ နာမည်ကျော် ဘောလုံးသမား ဖြစ်ပြီး သူ့ရဲ့ အင်စတာဂရမ် Storyကတော့ ယခုအချိန် ပျက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ဆမိုလော့ဗ်က ကိုယ့်နိုင်ငံရဲ့ ကျူးကျော်မှုကို ဆန့်ကျင်ကြောင်းပြောတဲ့ ပထမဆုံး ရုရှားကစားသမား ဖြစ်လာခဲ့ပါတယ်။

ကစားသမားဘဝတစ်လျောက် ရုရှားအတွက် ၄၅ပွဲ ကစားပေးထားတဲ့ တိုက်စစ်မှူးဟာ “No War”ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ယူကရိန်းအလံ၊ အသည်းကွဲ Emojiတို့နဲ့ အင်စတာဂရန်မှာ တင်ထားခဲ့တာပါ။ ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် ဥရောပမှာလည်း ရိုက်ခတ်မှု ကြီးမားခဲ့ပြီး လက်ရှိမှာတော့ ယူအီးအက်ဖ်အေဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို စိန့်ပီတာစဘတ်ကနေ အခြားတစ်နေရာကို ရွှေ့ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

အလားတူ ရုရှားရဲ့ လောင်စာဆီထောက်တိုင် Gazpromက ပေးထားတဲ့ နေးရှင်းလိဂ်နဲ့ ယူရိုပါလိဂ် စပွန်ဆာတွေကိုလည်း ဖြုတ်ချပေးဖို့ ဖိအားပေးတောင်းဆိုမှုတွေကို ယူကရိန်းတို့ ရင်ဆိုင်နေရပါတယ်။

#ယူကရိန်း #ရုရှား #ဆမိုလော့ဗ်