ရှေ့သို့
Image

ခြေစွမ်းစမ်းသပ်စဉ် ယူနိုက်တက်က သူ့ကို လိုချင်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ကြောင်း မာတင်နယ်လီ ဖွင့်ဟ

2:48 PM, 24 February

အာဆင်နယ်လူငယ်လေး ဂါဘရီရယ် မာတင်နယ်လီဟာ ယူနိုက်တက်မှာ ခြေစွမ်းစမ်းသပ်မှု ၄ကြိမ်အထိ ခံယူခဲ့ပေမဲ့ ယူနိုက်တက်ထံကနေ ကမ်းလှမ်းမှု ၁ခါမှ မရခဲ့ကြောင်း ပြောပြလာခဲ့ပါတယ်။

အသက်၂၀အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ်မှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး လူငယ်တစ်ဦးဖြစ်လာခဲ့ပြီး ဂန်းနားတွေထံ ပုံမှန်ပွဲထွက်ခွင့်ရနေကာ ယခုနှစ်ရာသီ ပြိုင်ပွဲစုံ ၂၂ပွဲထိ ပါဝင်ကစားထားခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ ၂၀၁၉ခုနှစ် ဇူလိုင်လက မာတင်နယ်လီကို ဘရာဇီးကလပ် အီတူအာအိုကနေ ခေါ်ယူခဲ့တာဖြစ်ပေမဲ့ ဂန်းနားတွေထံ မပြောင်းခင် ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

အင်္ဂလန်ကို ရောက်လာချိန် အမှတ်တရတွေကို ပြောပြရာမှာ မာတင်နယ်လီက “အေးဂျင့်က ကျွန်တော်တို့ ဆုံးဖြတ်ချက်ချဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။ သူ အာဆင်နယ်ကို ပြောတော့ ကျွန်တော်က  အခြားဘာမှ ပြောစရာလိုတော့ဘူး။ ငါတို့ လန်ဒန်ကိုသွားမယ်ဆိုပြီး ပြောခဲ့ပါတယ်”“အဖေနဲ့ ကျွန်တော် ပရီးမီးယားလိဂ်ကို အတူကြည့်ခဲ့ပြီး ယူနိုက်ကတ်၊ အာဆင်နယ်၊ မန်စီးတီး လက်စတာလို အသင်းမျိုးတွေကို ကြည့်ခဲ့ပါတယ်။ ကျွန်တော် ယူနိုက်တက်မှာ ခြေစမ်းတာ ၄ကြိမ် လုပ်ခဲ့ပါတယ်။ ၁၃၊ ၁၄၊ ၁၅၊ ၁၆နှစ်တွေတုန်းကပေါ့”

“ကျွန်တော်တို့ ဂရင်းဝုဒ်၊ ဘရန်ဒန် ဝီလျံတို့နဲ့ အသက်တူအဖွဲ့ထဲ အတူကစားခဲပါတယ်။ အဲ့ဒီနောက် ကျွန်တော် ဇလာတန်၊ ပေါ့ဂ်ဘာ၊ ရွန်းနီ၊ အီဗရာတို့နဲ့ တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော့်ကို လိုချင်တယ်လို့ တစ်ခါမှ မပြောခဲ့ပါဘူး။ ဒါပေမဲ့ အဲ့ဒီကနေ အင်္ဂလန်မှာ ကစားတဲ့ အတွေ့အကြုံတွေရခဲ့ကာ အသားကျလာခဲ့ပါတယ်။ ခြေစစ်နေတာတောင် ကျွန်တော်ကိုယ့်ကိုယ်ကိုယ် ယုံခဲ့ပါတယ်။ ကျွန်တော့်အတွေးထဲ လုပ်နိုင်တယ်လို့ အမြဲတွေးထားခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

မာတင်နယ်လီကို ယခုနှစ်ရာသီ ချီးကျူးသူတွေ အများအပြားရှိခဲ့ပြီး လီဗာပူးနည်းပြ ကလော့ပ်ဆိုရင် ဘရာဇီးသားလေးရဲ့ နာမည်ကို မှတ်ထားဖို့နဲ့ ပြောင်မြောက်တဲ့ အရည်အချင်းရှိသူဆိုပြီး သတ်မှတ်သွားခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကိုယ်တိုင်ကလည်း မာတင်နယ်လီကို ယုံကြည်မှုပေးထားကာ အထူးချီးကျူးမှုတွေ ပြုလုပ်ခဲ့သလို အသင်းဖော် ရမ်းစ်ဒေးကလည်း ဘရာဇီးသားရဲ့ အဆုံးသတ်ပိုင်းဟာ ကြောက်စရာကောင်းပြီး အလွန်လျင်တဲ့ ပြေးအားရှိတယ်လို့ ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အာတီတာ #အာဆင်နယ် #မာတင်နယ်တီ