ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲမတိုင်ခင် ဆဲလ်ဘတ်မှာ ကိုဗစ်တွေ့ရှိရသူ ၁၅ဦးရှိနေ

1:24 PM, 24 February

ဩစတြီးယားကလပ် ဆဲလ်ဘတ်အသင်းမှာ ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေခဲ့ပြီး ကစားသမားနဲ့ ဝန်ထမ်း ၁၅ဦး အစိုးရ စည်းမျဉ်းတွေအရ သီးခြားစီခွဲနေနေရတယ်လို့ သိရပါတယ်။

ဆဲလ်ဘတ်အသင်းမှာ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ၁၆သင်း အဆင့် ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် ကိုဗစ်တွေ့ရှိရသူ ၁၅ဦးအထိ ရှိနေခဲ့တာပါ။  အသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ပိုတွေ့ရှိရသူတွေဟာ လက္ခဏာအနည်းငယ်သာ ပြခဲ့ပြီး ဩစတြီးယားအစိုးရဲရဲ့ စည်းမျဉ်းတွေအတိုင်း ကွာရန်တင်းဝင်နေတယ်လို့ ဆိုထားပါတယ်။

ဆဲဘ်ဘတ်ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ပြီး အိမ်မှာပဲ အစီအစဉ်လုပ်ကာ လေ့ကျင့်ဖို့ ညွှန်ကြားထားပါတယ်။ ယခုအချိန်မှာတော့ အသင်းက လေ့ကျင့်ခန်းဆင်းမှု အပါအဝင် ကိုဗစ်စည်းမျဉ်းတွေကို တင်းကျပ်စွာ ချမှတ်ထားခဲ့ပါတယ်။

ဆဲလ်ဘတ်အသင်းဟာ တနင်္ဂနွေနေ့မှာ လင့်ဇ်နဲ့ ဆက်ကစားရမှာ ဖြစ်ပြီး မတ်လ၈ရက်နေ့မှာတော့ ဘိုင်ယန်နဲ့ ဆက်လက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

#ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ် #ဆဲလ်ဘတ်