ရှေ့သို့
Image

ဘာစီလိုနာနဲ့ ပွဲစဉ် ပွဲချိန် ၁၀ မိနစ်မှာ မာရာဒိုနာအတွက် အမှတ်တရာအစီအစဉ် ပြုလုပ်သွားမယ့် နာပိုလီ

1:22 PM, 24 February

နာပိုလီအသင်းဟာ ယနေ့ည ဘာစီလိုနာနဲ့ ယူရိုပါလိဂ်ပွဲစဉ် ပွဲချိန် ၁၀မိနစ်မှာ ဒီယေဂို မာရာဒိုနာအတွက် အမှတ်တရ အစီအစဉ်တစ်ခု ထပ်မံပြုလုပ်သွားဖို့ ရှိနေပါတယ်။

ပထမအကျော့က ၁ဂိုးစီ သရေကျခဲ့ပြီးနောက် နာပိုလီတို့ ယနေ့ည ဘာကာကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး ပွဲချိန် ၁၀မိနစ်မှာ အာဂျင်တိုင်းသားအတွက် တစ်ကွင်းလုံး လက်ခုပ်တီးကာ ဂုဏ်ပြုသွားမှာ ဖြစ်ပါတယ်။ မာရာဒိုနာရဲ့ သားဖြစ်သူ ဒီယေဂို ဆီနာဂရာက ပထမအကျော့က အစီအစဉ်ဟာ ဖခင်ဖြစ်သူအတွက် ပြီးပြည့်စုံတဲ့ အရာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

နာပိုလီပရိသတ်တွေဟာ မာရာဒိုနာ ဆန် ပေါ်လိုကွင်းထဲ ကစားခဲ့တုန်းကအတိုင်းပဲ လက်ခုပ်တီးသံတွေနဲ့ ဂုဏ်ပြုမှု ပြုလုပ်သွားဖို့ ရှိနေခဲ့တာပါ။ နာပိုလီအသင်းရဲ့ အိမ်ကွင်းမှာ မာရာဒိုနာ ရုပ်ထု၂ခုရှိပြီး ၁ခုက ကွင်းအပြင်ဘက်၊ ၁ခုက အဝတ်လဲခန်းနားမှာ ထားရှိထားပါတယ်။

#မာရာဒိုနာ #ဘာစီလိုနာ #နာပိုလီ #ယူရိုပါလိဂ်