ရှေ့သို့
Image

အက်သလက်တီကိုမက်ဒရစ်နဲ့ ပွဲကို တိုမီနေး လွဲချော်ရတဲ့အကြောင်းအရင်းကို ရန်နစ် ထုတ်ဖော်ပြောကြား

8:27 AM, 24 February

ယူနိုက်တက်နည်းပြ ရန်ရစ်က မနေ့ညက အက်သလက်တီကိုမက်ဒရစ်နဲ့ ပွဲကို တိုမီနေးတစ်ယောက် အဖျားဝေဒနာကြောင့် လွဲချော်ခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ စပိန်မြေမှာ တီကိုအသင်းနဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပြီး ဂျာအိုဖီးလစ်က ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ တိုမီနေး မပါနိုင်တာကြောင့် ရန်နစ်ဟာ ကွင်းလယ်ပိုင်းမှာ ပေါ့ဂ်ဘာ ၊ ဖရက်ဒ်နဲ့ ဖာနန်ဒက်စ်တို့ကို ထည့်သွင်းခဲ့ရပါတယ်။

“သူ(တိုမီနေး) ကံမကောင်းစွာနဲ့ ဖျားနေခဲ့ပါတယ်။ ဒီနေ့လည်ခင်းမှာ သူနဲ့စကားပြောဖြစ်ပါမယ်။ သူ့အခြေအနေက မကောင်းပါဘူး။ တီကိုနဲ့ပွဲကို ပါလာနိုင်ဖို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် အခြေအနေမကောင်းခဲ့တာကြောင့် အကောင်းဆုံးလူစာရင်း အပြောင်းအလဲလုပ်ခဲ့ရပါတယ်”လို့ ရန်နစ်က မန်ယူတီဗွီကို ပြောကြားခဲ့ပါတယ်။

တိုမီနေးဟာ လိဒ်ယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ပွဲတုန်းက ပါဝင်ခဲ့ပြီး အသင်းကို အများကြီး ကူညီပေးခဲ့တာဖြစ်ပါတယ်။ မာတာ၊ လင်ဂတ်၊ မာတစ်နဲ့ ဟန်နီဘယ်လ်တို့ကို ရန်နစ်က အရန်ခုံမှာ ခေါ်ယူလာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ တီကိုအသင်းကို နောက်ကနေ လိုက်ကစားပြီး အီလန်ဂါက ဒုတိယပိုင်းမှာ ချေပဂိုးပြန်လည် သွင်းယူပေးခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အက်သလက်တီကို #မက်တိုမီနေး #ချန်ပီယံလိဂ် #ရန်နစ်