ရှေ့သို့
Image

ချန်ပီယံလိဂ်ဖိုင်နယ်ကို ရုရှားမှာ မကျင်းပဖို့ ဥရောပဥပဒေပြုအဖွဲ့များ UEFA ကို စာတင်

4:09 PM, 23 February

ဥရောပဥပဒေပြုအဖွဲ့တွေဟာ ဥရောပဘောလုံးအဖွဲ့အစည်း UEFA ထံ ဥရောပရဲ့ အကြီးဆုံးပြိုင်ပွဲကြီးတွေရဲ့ ဖိုင်နယ်ကို လာမယ့်မေလထဲမှာ ရုရှားနိုင်ငံ စိန့်ပီတာစဘက်မှာ ကျင်းပဖို့ စီစဉ်ထားမှုကို ကန့်ကွက်ဖို့ စာတင်ရန်ပြင်ဆင်နေကြပါတယ်။

အဆိုပါစာမှာ UEFA ဥက္ကဌ အလက်ဇန္ဒားဆီဖာရင်ထံ လိပ်မူပြီး ဂျာမနီနိုင်ငံရဲ့ MEP (ဥပဒေပြုအဖွဲ့) Viola con Cramon-Taubadel မှ အခြားအဖွဲ့တွေနဲ့အတူ ယနေ့ညနေ နောက်ဆုံးထားပြီး စာတင်သွားမှာ ဖြစ်ပါတယ်။ စာထဲမှာတော့ ဆီဖာရင်နဲ့ UEFA အနေနဲ့ ရုရှားကြောင့် လက်ရှိယူကရိန်းမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအပေါ် ရှုမြင်ပြီး သင့်တင့်မျှတတဲ့ ဆုံးဖြတ်ချက်ဖို့ ချမှတ်ဖို့ တိုက်တွန်းမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ်ဟာ UEFA ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ပွဲစဉ်တစ်ခုဖြစ်ပြီး စိန့်ပီတာစဘက်မြို့က ဂက်ဇ်ပရွန်အရီနာလို့ လူသိများတဲ့ ခရက်စ်တော့ဗ်စကီးကွင်းကြီးမှာ မေလ ၂၈ ရက်နေ့ကျရင် ကျင်းပသွားမှာဖြစ်ပါတယ်။

စာထဲမှာတော့ “ ရုရှားသမ္မတပူတင်ရဲ့ ယူကရိန်းနိုင်ငံပိုင် နယ်မြေတစ်ခုဖြစ်တဲ့ Donbas မှာ တိုက်ခိုက်ရေးတပ်တွေကို ချထားမှုဟာ နိုင်ငံတကာကို မီးမောင်းထိုးပြလိုက်တာပါပဲ။ ဒါက ချန်ပီယံလိဂ်ဖိုင်နယ်လို အထင်ကရပြိုင်ပွဲကြီးမျိုးကို စိန့်ပီတာစဘက်မြို့မှာ မကျင်းပသင့်တော့ဘူးဆိုတာ ထင်ရှားပါတယ်။ ရုရှားအနေနဲ့ အားကစားကို တန်ဖိုးထားမှု၊ ညီနောင်စိတ်ဓာတ်၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဒီပလိုမာဆီအပေါ် လေးစားမှုရှိကြောင်း အချိန်မနှောင်းခင် ပြသသင့်ပါတယ်”ဆိုပြီး ပါရှိပါတယ်။

ဥပဒေပြုအဖွဲ့တွေဟာ ၂၀၁၂ ကတည်းက ချန်ပီယံလိဂ်ရဲ့ အဓိကစပွန်ဆာတစ်ခုဖြစ်တဲ့ ရုရှားပိုင်ရေနံကုမ္ပဏီ Gazprom နဲ့ UEFA ရဲ့ အငြင်းပွားမှုကိုလည်း ပစ်မှတ်ထားနေပါတယ်။ စာထဲမှာလည်း UEFA ကို Gazprom နဲ့ ပူးပေါင်းမှုကို ဖျက်သိမ်းဖို့နဲ့ ရုရှားနဲ့ပက်သမျှကို ပိတ်ပင်ဖို့ တောင်းဆိုခဲ့ပါတယ်။ BBC နဲ့ ESPN ရဲ့ သတင်းတွေအရလည်း UEFA ဟာ ရုရှားမှာ ကျင်းပမယ့် ဖိုင်နယ်ကို ရွှေ့ဖို့ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကို အကျေအလည် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

#ချန်ပီယံလိဂ် #ရုရှား