ရှေ့သို့
Image

ဖရက်ဒ်နဲ့ ဒါလော့တို့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်

2:33 PM, 23 February

ယူနိုက်တက် အသင်းဟာ ရန်နစ် လက်အောက်မှာ ခြေစွမ်းကောင်းတွေ ရလာတဲ့ ဖရက်ဒ် နဲ့ ဒါလော့တို့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။  သူတို့ ၂ ဦးဟာ ယခင်က ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရကာ အခုချိန်မှာ ဂျာမန်သားလက်အောက်မှာ ပုံမှန်ခြေစွမ်းပြန်ရလာခဲ့တာဖြစ်ပါတယ်။

ရန်နစ်က မလွယ်ကူတဲ့အဝတ်လဲခန်းကို သေချာလေးကိုင်တွယ်ခဲ့ရသလို နည်းစနစ်ပိုင်းကိုလည်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းဆင်းစေခဲ့ပါတယ်။ သို့ပေမယ့် ရော်နယ်ဒို၊ မာရှယ်နဲ့ ဗန်ဒီဘိခ်တို့ အနာဂတ်ကတော့ မသေချာတဲ့အနေအထားမှာရှိနေဆဲဖြစ်ပါတယ်။

ဒါပေမယ့် ရန်နစ်လက်အောက်မှာ အဓိကကစားသမား၂ ဦးဖြစ်လာတဲ့ ဖရက်ဒ် နဲ့ ဒါလော့ကိုတော့ စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်လာခဲ့တာဖြစ်တယ်လို့ ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဖရက်ဒ်ဟာ ဆိုးလ်ရှား လက်အောက်မှာကတည်းက  နေရာရနေတာဖြစ်ပြီး အခုရန်နစ်လက်အောက်မှာလည်း ထပ်မံနေရာရနေတာဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်နဲ့ပွဲမှာလည်း ဘရာဇီးသားက လူစားဝင်လာပြီး တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ကာ ခြေစွမ်းကောင်းတစ်ရပ်ပြသနိုင်ခဲ့ပါတယ်။ ဒါလော့ကလည်း ဝမ်ဘစ်ဆာကာနေရာကို ကျော်ဖြတ်ပြီး မကြာသေးခင်တုန်းက ညာနောက်ခံလူနေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ရန်နစ်ဟာ ပေါ်တူဂီသားရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ဒါလော့ကို ညာနောက်ခံလူနေရာမှာ အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ ဒါလော့ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အေစီမီလန်ကို အငှားထွက်ကစားခဲ့ရပြီး ယူနိုက်တက်နဲ့ဇာတ်သိမ်းဖို့ နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၂၂ နှစ်သားက စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေကြောင်း သတင်းတွေက ဆိုပါတယ်။ ပေါ်တိုကစားသမားဟောင်းရဲ့ စာချုပ်သက်တမ်းက ၂၀၂၃ မှာကုန်ဆုံးမှာဖြစ်ပြီး ယူနိုက်တက်ကလည်း အမြန်ဆုံးစာချုပ်သစ်ချုပ်ဆိုလိုနေပါတယ်။ အခြားတစ်ဖက်မှာလည်း ဖရက်ဒ်ရဲ့စာချုပ်သက်တမ်းက ဒါလော့နည်းတူ ကုန်ဆုံးမှာဖြစ်ကာ ယူနိုက်တက်ဘက်က ကွင်းလယ်ကစားသမားသစ်ရှာဖွေနေပါတယ်။

ယူနိုက်တက်ဟာ နည်းပြနေရာအတွက်လည်း အမြဲတမ်းနည်းပြရှာဖွေနေကာ ပိုချက်တီနို နဲ့ တန်ဟက်တို့ ထိပ်ဆုံးနေရာက ရေပန်းစားနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီယေဂိုဒါလော့ #ဖရက်ဒ် #ရန်နစ်