ရှေ့သို့
Image

ရန်းနစ်ရဲ့ နည်းစနစ်တွေကို ယူနိုက်တက် ကစားသမားတွေ မပျော်မရွှင်ဖြစ်နေတယ်ဆိုတဲ့ ပြောဆိုမှုအပေါ် ဖာနန်ဒက်စ် တုံ့ပြန်

2:31 PM, 23 February

ဘရူနို ဖာနန်ဒက်စ်က နည်းပြ ရန်းနစ်ရဲ့ နည်းစနစ်တွေအပေါ် ယူနိုက်တက်ကစားသမားတွေ မပျော်မရွှင် ဖြစ်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို တုံ့ပြန်သွားခဲ့ပါတယ်။

ရန်းနစ်လက်ထက် ပရီးမီးယားလိဂ် ရှုံးပွဲ၁ပွဲသာ ရှိသေးပြီး အဆင့်၄နေရာမှာ ရပ်တည်နေပေမဲ့ ယခုအပတ် ယူနိုက်တက် ကစားသမားတွေကြား ပြဿနာရှိနေတယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေခဲ့ပါတယ်။ ယခင် ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်တုန်းကလိုပဲ ဖာနန်ဒက်စ်က နည်းပြဘက်ကနေ ကာကွယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဖာနန်ဒက်စ်က “ကစားကွက်အကြောင်း ပြောရရင် အဲ့ဒီအကြောင်း နည်းပြတွေ၊ သူ့ဝန်ထမ်းတွေထက် ဘယ်သူမှ ပိုစိတ်ပူစရာ မလိုပါဘူး။ နည်းပြ ယူဆတဲ့အတိုင်း လိုက်ပါဖို့က ကစားသမားတွေအတွက် အကောင်းဆုံး နည်းလမ်းပါပဲ”“ဒီလိုအသင်းမျိုးမှာ နည်းစနစ်ပိုင်းကို ဝေဖန်တဲ့သူ ရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး။ ဘယ်သူမှလည်း မလုပ်ဖို့ မျှော်လင့်ပါတယ်။ အဲ့ဒါက လေးစားမှုကို မရစေပါဘူး”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ယနေ့ညမှာ ချန်ပီယံလိဂ် ၁၆သင်း အဆင့်ပွဲစဉ်အဖြစ် အက်သလက်တီကိုနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာနန်ဒက်စ် #ရန်းနစ်