ရှေ့သို့
Image

အက်သလက်တီကိုအား ဥရောပလေးစားခံအသင်းဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ဆီမြွန်နီကို ရန်းနစ်ချီးကျူး

12:47 PM, 23 February

အက်သလက်တီကိုအသင်းဟာ ယနေ့ည ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပြီး လက်ရှိ ၂သင်းစလုံး ခြေစွမ်းအနည်းငယ် ကျနေပေမဲ့ ပွဲကောင်း၁ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။

လာလီဂါလက်ရှိချန်ပီယံ အက်သလက်တီကိုဟာ အဆင့်၅နေရာမှာသာ ရပ်တည်ထားနိုင်ခဲ့ပြီး ဇယားထိပ်က ရီးရဲလ်မက်ဒရစ်နဲ့ ၁၅မှတ်ထိ ကွာဟနေခဲ့ပါတယ်။ ယူနိုက်တက်ကလည်း ပရီးမီးယားလိဂ်မှာ အလားတူအခြေအနေနဲ့ ရင်ဆိုင်နေရပြီး အဆင့်၄နေရာမှာ ရှိနေကာ ဝက်စ်ဟမ်းနဲ့ ၄မှတ်ကို ၄မှတ်ဖြတ်ထားပေမဲ့ ဇယားထိပ်က မန်စီးတီးနဲ့ ၁၇မှတ်ထိ ကွာနေခဲ့ပါတယ်။

ယနေ့ညပွဲမတိုင်ခင် ပြောကြားရာမှာ ရန်းနစ်က “ကျွန်တော်တို့ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ တိုက်ပွဲဝင်စိတ်ကို ပြသထားပြီလို့ ထင်ခဲ့ပေမဲ့ ရလဒ်ကပဲ အရေးပါခဲ့ပြး ပြီးခဲ့တဲ့ ၂ပွဲဆက် ၃မှတ်ရခဲ့ပါတယ်”“အက်သလက်တီကိုနဲ့ပွဲက အရေးပါသလို ပြီးရင်လည်း ပရီးမီးယားလိဂ် ကစားရပါဦးမယ်။ ဒါမျိုးက ၄၅မိနစ်၊ မိနစ်၆၀လောက်ပဲ ကောင်းကောင်း ကစားနိုင်တာနဲ့ မဆိုင်ပဲ ရလဒ်ကောင်းဖို့ပဲ လိုပါတယ်”

“ဆီမြွန်နီက လိဂ်ဖလားနဲ့ ဆုဖလားများစွာကို ပြောင်မြောက်တဲ့နည်းလမ်းတွေနဲ့ ဆွတ်ခူးခဲ့ပါတယ်။ သူ့အရည်အချင်းနဲ့ အသင်းက တိုက်ရိုက် ထပ်တူကျပါတယ်။ သူက ဥရောပမှာ စိတ်ဓာတ်ပြင်းထန်တဲ့ နည်းပြတစ်ဦးဖြစ်ပြီး သူ့အသင်းကလည်း အဲ့လိုပဲ ဖြစ်နေပါတယ်။ ကျွန်တော်တို့အသင်းလည်း ဒီစိန်ခေါ်မှုအတွက် ပြင်ဆင်ထားရပါမယ်”“သူတို့ ကြံ့ခိုင်မှုပိုင်း၊ စိတ်ပိုင်းဆိုင်ရာအရ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ သူတို့နဲ့ ပွဲမကစားရသေးပေမဲ့ ဆီမြွန်နီ အသင်းကို ဥရောပမှာ လေးစားခံအသင်း ဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့တဲ့အပေါ် လေးစားမိပါတယ်။ ကျွန်တော် ဒီပွဲအတွက် မစောင့်နိုင်တော့ပါဘူး”လို့ ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆီမြွန်နီ #ချန်ပီယံလိဂ် #ရန်းနစ်