ရှေ့သို့
Image

CSKA မော်စကိုအသင်းထံ အငှားရောက်သွားတဲ့ အဲဗာတန်ကွင်းလယ်လူ ဂဘာမင်

3:34 PM, 22 February

အဲဗာတန်ကွင်းလယ်လူ ဂဘာမင်ဟာ CSKA မော်စကိုအသင်းထံ ရာသီအကုန်အထိ အငှားဖြင့် ရောက်ရှိသွားခဲ့ပါတယ်။

၂၀၁၉ခုနှစ် သြဂုတ်လက ပေါင်၂၅သန်းဖြင့် အဲဗာတန်အသင်းထံ ရောက်လာပေမယ့် အသက်၂၆နှစ်သားဟာ ဒဏ်ရာ မကြာခဏရကာ  ၈ပွဲသာ ပါဝင်ကစားခဲ့ရပါတယ်။ သူရဲ့ ကလပ်အသင်းသစ်အတွက် ၂ပွဲသာ ကစားရသေးချိန်မှာဘဲ ဖနောင်ကြောဒဏ်ရာကြောင့် ၁၉လအထိ အထိ အနားယူခဲ့ရပါတယ်။

ဒဏ်ရာက ပြန်သက်သာတော့လည်း ပုံမှန် ပွဲထွက်ခွင့် မရခဲ့သလို ပြီးခဲ့တဲ့နှစ်က ဒူးဒဏ်ရာကြောင့် ၃လထပ်မံ နားခဲ့ရပြန်ပါတယ်။ ရုရှားပရီးမီးယားလိဂ်မှာတော့ အင်္ဂါနေ့အထိ အပြောင်းအရွှေ့ဖွင့်နေသေးပြီး အဲဗာတန်အသင်းတွင် ဒယ်လီအလီနှင့် ဗန်ဒီဘိခ်သို့ ရောက်လာတာကြောင့် ဂဘာမင်ဟာ အငှားထွက်ခဲ့ရတာ ဖြစ်ပါတယ်။

အဲဗာတန်ကွင်းလယ်လူ ဖီလစ်ပီဂဘာမင်ဟာ လက်ကျန် ၂၀၂၁-၂၂ ရာသီကို CSKA မော်စကိုအသင်းမှာ အငှားသွားရောက်သွားတော့မှာ ဖြစ်တယ်လို့ အင်္ဂလန်ကလပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

#အဲဗာတန် #အပြောင်းအရွှေ့ #ဂဘာမင် #စပါးတပ်မော်စကို