ရှေ့သို့
Image

ယူနိုက်တက်နည်းပြရာထူး အတွက် ပိုချက်တီနို နဲ့ တန်ဟက်တို့ ထိပ်ဆုံးက ဦးဆောင်နေ

11:44 AM, 22 February

ယူနိုက်တက်အသင်းကတော့ နည်းပြနေရာအတွက် လျာထားတဲ့သူတွေ အပြီးသတ်ခဲ့ပြီးနောက် လာမယ့်ရက်သတ္တပတ်လောက်မှာ လျာထားတဲ့သူတွေကို ဆွေးနွေးမှုစတင်ဖို့ ပြင်ဆင်နေပါတယ်။

ယူနိုက်တက်ဟာ နွေရာသီမှာ အမြဲတမ်းနည်းပြ ခန့်အပ်ဖို့ ပြင်ဆင်နေပြီး ရန်နစ်က ဆိုးလ်ရှားနေရာမှာ ယာယီနည်းပြအဖြစ် တာဝန်ယူနေတာဖြစ်ပါတယ်။ ပိုချက်တီနိုက ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ ထိပ်ဆုံးက ရေပန်းစားနေပြီး ယူနိုက်တက် အရင်တုန်းက ၂ ကြိမ်တိုင် ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီမှာ အနာဂတ်မသေချာတော့ပဲ ယူနိုက်တက်ကို ပြောင်းဖို့ ပိုချက်တီနိုတစ်ယောက် စိတ်ဝင်စားနေပါတယ်။ ပိုချက်တီနိုအပြင် ယူနိုက်တက်က အရန်အဖြစ် အေဂျက်နည်းပြ တန်ဟက်ကိုလည်း ပစ်မှတ်ထားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ရန်နစ်က တန်ဟက်ကို ခေါ်ယူဖို့ စဉ်းစားနေပြီး သူ့ရဲ့အတွေးအခေါ်ပိုင်း နဲ့ လူငယ်သွေးသစ်လောင်မှုက ယူနိုက်တက်နဲ့ အံဝင်မယ်လို့ ယုံကြည်နေပါတယ်။ ပိုချက်တီနိုနည်းတူ တန်ဟက်က အေဂျက်အသင်းနဲ့ စာချုပ်သက်တမ်းရှိနေတာကြောင့် ပြဿနာတစ်ရပ်ဖြစ်လာနိုင်ပါတယ်။

အင်းနရစ် နဲ့ လိုပက်တီဂူတို့ကို ပစ်မှတ်ထားနေပေမယ့် ပိုချက်တီနို နဲ့ တန်ဟက်တို့က ပိုပြီး ရေပန်စားနေတာဖြစ်ပါတယ်။ အက်သလက်တစ်သတင်းဌာနကတော့ ယူနိုက်တက်ဟာ လာမယ့်ရက်သတ္တပတ်တွေအတွင်းမှာ လျာထားတဲ့သူတစ်ယောက်ချင်းစီနဲ့ ဆွေးနွေးဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ရန်နစ်ကတော့ နည်းပြသစ်ခေါ်ယူရေးမှာ အဓိကနေရာကနေ ပါဝင်အားဖြည့်ဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပိုချက်တီနို #အဲရစ်တန်ဟက်ချ်