ရှေ့သို့
Image

ဆွာရက်ဇ်ရဲ့ ၂၀၁၃ရာသီထက် ပိုကောင်းတဲ့ ရာသီကို ပိုင်ဆိုင်ထားတဲ့ ဆာလက်

8:12 AM, 22 February

အန်ဖီးလ်မှာ ဆွာရက်ဇ်ရဲ့ အကောင်းဆုံးရာသီ ဖြစ်တဲ့ ၂၀၁၃-၁၄ထက် ဆာလက်ဟာ ယခုနှစ်အတွင်း လီဗာပူးအတွက် ပေါက်ကွဲအားကောင်းကောင်းဖြင့် ကစားလျက်ရှိနေကြောင်းကို ဖာဒီနန်နှင့် အိုဝင်တို့ကြားမှာ အမြင်မတူလျက် ရှိနေပါတယ်။

အသက်၂၉နှစ်အရွယ် ဆာလက်ဟာ ထိပ်တန်းခြေစွမ်းအဆင့် ရနေပြီး လီဗာပူးအတွက် ပွဲ၃၀မှာ ၂၅ဂိုးသွင်း ၉ဂိုး ဖန်တီးပေးထားပါတယ်။

သူရဲ့ ပံ့ပိုးကူညီပေးမှုတွေကြောင့် လီဗာပူးဟာ ပြိုင်ပွဲအရပ်ရပ်တွင် ရလဒ်ကောင်းနေပြီး ပြီးခဲ့တဲ့ နောဝစ်ချ်ကို အနိုင်ရတဲ့ပွဲမှာလည်း မာဆေးဆိုက်ဒ်အတွက် ဂိုးပေါင်း ၁၅၀မြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဖာဒီနန်နှင့် အိုဝင်တို့က လီဗာပူးရဲ့ သမိုင်းတလျောက် အကောင်းဆုံးတိုက်စစ်မှူးတွေအကြောင်း ဆွေးနွေးကြရာ ယူနိုက်တက်နောက်ခံလူဟောင်းဟာ ဆာလက်ရဲ့ အရည်အသွေးက ဆွာရက်ဇ်ထက် ပိုတယ်လို့ယုံကြည်နေပါတယ်။

ဥရုဂွေးသား ဆွာရက်ဇ်ဟာ အန်ဖီးလ်တွင် ၂၀၁၃ရာသီက နည်းပြဘရန်ဒန်ရော်ဂျာစ် လက်အောက်မှာ ထူးရှယ် ခြေစွမ်းပြခဲ့ပြီး ၃၃ပွဲတွင် ၃၁ဂိုးသွင်း ၁၇ဂိုး ဖန်တီးပေးခဲ့ကာ ပရီးမီးယားလိဂ်ဖလားရဖို့ရာသီကုန်ခါနီးမှာ ခြေချော်မှုတွေကြောင့် လက်လွတ်ခဲ့ရပါတယ်။

“မိုက်ကယ်အိုဝင်နဲ့ ကျွန်တော် အငြင်းအခုန် ဖြစ်နေတယ် သူပြောတာက ၂၀၁၃ရာသီ ဆွာရက်ဇ်က လက်ရှိ ဆာလက်ရဲ့ ရာသီထက် ပိုကောင်းတယ်လို့ဆိုတယ်။ ရီစရာတောင် ကောင်းသေးတယ် ဆာလက်က မဖြစ်နိုင်ဖွယ်ရာ ကစားသမားတစ်ယောက်လို့ ထင်တယ် ချဲလ်ဆီးနဲ့ ဂိုးကို ကြည့်လိုက်ပါ တောက်ပြောင်လွန်းတယ် နောက်ခံလူတွေက ဖြိုခွင်းခံရတယ် ဂိုးသွင်းတယ် သူ နောက်ခံလူ ဘယ်နှစ်ယောက်လောက်ကို ကျော်ဖြတ်ခဲ့သလဲ သိမှာပါ။ အန်ဖီးလ်မှာဆိုရင် နာပိုလီနောက်ခံလူ ကူလီဘာလီ ပါတယ် သူက ပေါင်သန်း ၇၀၊ ၈၀တန် ကစားသမားပါ ကျော်ဖြတ်တယ် ဂိုးသွင်းတယ်။ သူက နှစ်များစွာ တည်ငြိမ်စွာနဲ့ ကစားနေခဲ့ပါတယ်။အိုဝင်က ဆာလက်ရဲ့ နာမည်ကို အနည်းငယ်လေးတော့ လေးစားသမှု ရှိသင့်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ကျွန်တော် ဆက်စပ်မှုကို မေ့ပစ်လိုက်စမ်းပါ။ ဆာလက်ရဲ့ ခြေစွမ်းကတော့ အမှန်တရားပါပဲ”

ဟု ဖာဒီနန်က ပြောကြားသွားခဲ့ပါတယ်။

#လီဗာပူး #ဖာဒီနန် #ဆာလက် #ဆွာရက်ဇ် #မိုက်ကယ်အိုဝင်