ရှေ့သို့
Image

နာပိုလီကွင်းလယ်လူ ဖေဘီယန်ရုဇ်ကို ပေါင် ၁၆ သန်းနဲ့ ခေါ်ယူဖို့ အာဆင်နယ် ဆွေးနွေးနေ

4:08 PM, 21 February

အာဆင်နယ်အသင်းဟာ နာပိုလီကွင်းလယ်လူ ဖေဘီယန်ရုဇ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ကြောင်း သတင်းတွေက ဆိုပါတယ်။

အာတီတာက ကွင်းလယ်ပိုင်းအားဖြည့်ဖို့ အလိုရှိနေပြီး ဇန်နဝါရီအပြောင်းအရွှေ့တုန်းက မခေါ်ယူခဲ့တာဖြစ်ပါတယ်။

ရုဇ်ဟာ ဒီရာသီနာပိုလီအသင်း ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ရာမှာ အဓိကကစားသမားအဖြစ် ခြေစွမ်းနေပြကာ စာချုပ်သက်တမ်းက ၁ နှစ်သာကျန်တော့တာ ဖြစ်ပါတယ်။

မယ်ရာသတင်းဌာနရဲ့အဆိုအရ အာဆင်နယ်ဟာ ရုဇ်ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးထားပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အာတီတာဟာ ရုဇ်ရဲ့အကြီးစား အမာခံပရိသတ်တစ်ဦး ဖြစ်ပြီး အသင်းကွင်းလယ်ပိုင်းကို တိုးတက်အောင်လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

နာပိုလီဟာ အသက် ၂၅ နှစ်သားကို ရောင်းချဖို့ ပြင်ဆင်နေပေမယ့် ပေါင် ၁၆ သန်းနဲ့ အထက် အလိုရှိနေပါတယ်။

အခြားတစ်ဖက်မှာလည်း အာဆင်နယ်ဟာ လက်စတာက တိုင်လီမန်းစ်ကို စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်နဲ့ အားပြိုင်ရဖို့ များနေပါတယ်။ 

ရုဇ်ကို ယူနိုက်တက် နဲ့ နယူးကာဆယ်တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အခုအပတ်အစောပိုင်းတုန်းက အီတလီသတင်းတွေအရ နာပိုလီ နဲ့ ရုဇ်တို့ကြား စာချုပ်သစ်ဆွေးနွေးမှုက ပျက်ပြယ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #နာပိုလီ #တိုင်လီမန်စ် #ဖေဘီယံရုဇ်