ရှေ့သို့
Image

ပရီးမီးယားလိဂ်ရဲ့ ထုတ်ပယ်ခံရမယ့် နည်းပြများ စာရင်းတွင် ထိပ်ဆုံးမှာ ရှိနေတဲ့ ရော်ဂျာစ်

3:33 PM, 21 February

ဝုဗ်အသင်းကို တနင်္ဂနွေညက ၂-၁ဂိုးဖြင့် ရှုံးနိမ့်ကာ လက်စတာအသင်းရဲ့ ပရီးမီးယားလိဂ် ၅ပွဲဆက်က နိုင်ပွဲ ပျောက်ဆုံးပြီးနောက် နည်းပြ ဘရန်ဒန်ရော်ဂျာစ်ဟာ ပရီးမီးယားလိဂ်တွင် ထုတ်ပယ်ခံရမယ့် နည်းပြများ စာရင်းတွင် ထိပ်ဆုံးက ရေပန်းစားလာခဲ့ပါတယ်။

လီဗာပူးနှင့် ဆဲလ်တစ်နည်းပြဟောင်း ရော်ဂျာစ်ဟာ လက်စတာအသင်းကို ရလဒ်တွေ ကောင်းမွန်အောင် ဦးဆောင်နိုင်မှု လျော့ကျနေပြီး ထိပ်ဆုံး၆သင်းနဲ့ ၁၅မှတ်အကွာ အဆင့်၁၁နေရာတွင် ရှိနေပါတယ်။

ထုတ်ပယ်ခံရမယ့် နည်းပြများ စာရင်းတွင် ရော်ဂျာစ်အပြင် ဘန်လေနည်းပြ ဒိုင်ချီ၊ ဝက်ဖို့ဒ်နည်းပြ ဟော့ဒ်ဆန်၊ တော့တင်ဟမ်နည်းပြ ကွန်တီ တို့ကလည်း ရှိနေပြီး စနေညတွင် အားလုံးက နိုင်ပွဲကိုယ်စီရခဲ့ကြလို့ ဖိအားတွေ အနည်းငယ် လျော့ကျခဲ့ပါတယ်။

ယူနိုက်တက်ကို ၄-၂ဂိုးဖြင့် ရှုံးခဲ့တဲ့ လိဒ်စ်နည်းပြ ဘီရယ်ဆာဟာလည်း ဒုတိယနေရာတွင် ရှိနေပါတယ်။


SkyBet ရဲ့ ဖော်ပြချက်အရ ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး နည်းပြများ အလေးပေးမှု

ဘရန်ဒန်ရော်ဂျာစ် - ၄/၅

ဘီရယ်ဆာ - ၇/၁

ကွန်တီ - ၁၀/၁

ဒိုင်ချီ - ၁၂/၁

ဟော့ဒ်ဆန် - ၂/၁


ပြီးခဲ့တဲ့အောက်တိုဘာလအထိ ရော်ဂျာ်စ်ဟာ ဘာစီလိုနာနည်းပြ နေရာအတွက် ရော်နယ်ကိုးမန်းနေရာ အစားထိုးရန် ရေပန်းစားတဲ့ နည်းပြတစ်ဦး ဖြစ်ခဲ့ပြီး ဒီဇင်ဘာလကလည်း လီဗာပူးကို ကင်းပါဝါမှာ ၁-ဝဂိုးဖြင့် အနိုင်ကစားခဲ့ပါတယ်။

လက်ရှိတွင် လက်စတာဟာ ခံစစ်ပိုင်းတွင် အဆိုးရွားဆုံး ရင်ဆိုင်နေရပြီး ရလဒ်တွေပါ ဆက်တိုက်ဆိုးနေတာ ဖြစ်ပါတယ်။

#ဝုဗ် #လက်စတာ #ရော်ဂျာ