ရှေ့သို့
Image

လိဒ်စ်ကို ဂိုးပြတ်အနိုင်ယူခဲ့တာက အဝတ်လဲခန်းပုံပြင်တွေအတွက် အကောင်းဆုံးအဖြေပဲလို့ ရန်းနစ် ထုတ်ပြော

9:54 AM, 21 February

ယူနိုက်တက် အသင်းနည်းပြ ရန်းနစ်က လိဒ်စ်ယူနိုက်တက်ကို ၄-၂ ဂိုးနဲ့အနိုင်ရခဲ့တာဟာ ထွက်ပေါ်နေတဲ့ အဝတ်လဲခန်းပုံပြင်တွေအတွက် အကောင်းဆုံးအဖြေပဲလို့ ပြောလိုက်ပြီး အသင်းသားတွေရဲ့ ရင်းနှီးခင်မင်မှုနဲ့ ရင့်ကျက်လာမှုတွေကို အထူးချီးကျူးသွားပါတယ်။

ယူနိုက်တက်ဟာ ဝ-၂ ဂိုးနဲ့ ဦးဆောင်နေရာကနေ ချေပဂိုးတွေ ဆက်တိုက်ပေးလိုက်ရလို့ ၂-၂ ဂိုးဖြစ်သွားပေမယ့် လူစားဝင်ကစားသမားတွေဖြစ်တဲ့ ဖရက်ဒ်နဲ့ အီလန်ဂါတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၄ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ဆက်လက်ရှင်သန်ခဲ့ပါတယ်။

''ကျွန်တော်တို့အတွက် အရေးကြီးတဲ့နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲကအတိုင်းပါပဲ။ ဝက်စ်ဟမ်းနဲ့ပွဲတုန်းက နောက်ကျမိနစ်သွင်းဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး ဒီပွဲမှာတော့ ချေပဂိုး ၂ဂိုး ပေးလိုက်ရာကနေ အနိုင်ဂိုးတွေ ထပ်သွင်းနိုင်ခဲ့တာပါ။ အဝတ်လဲခန်းပုံပြင်တွေအတွက် အသင်းဘက်က အကောင်းဆုံးအဖြေပေးသွားတာပါပဲ။ အသင်းသားတွေက တည်ငြိမ်ရင့်ကျက်လာသလို ရင်းနှီးခင်မင်မှုကလည်း အမြင့်ဆုံးရောက်နေပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်း ထွက်ပေါ်ခဲ့တဲ့ အဝတ်လဲခန်းပြဿနာ သတင်းတွေအတွက် ဒီပွဲအကောင်းဆုံးအဖြေပါပဲ''လို့ ရန်းနစ်က ပြောပါတယ်။

မက်ဂွါရီရဲ့ခေါင်းတိုက်ဦးဆောင်ဂိုးက ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အတွက် ထောင့်ကန်ဘော ၁၃၉ ကြိမ်မှာ ရရှိခဲ့တဲ့ ပထမဆုံးဂိုးလည်းဖြစ်ခဲ့ပါတယ်။

''အချက်အလက်တွေက ရှက်စရာပါပဲ။ ကျွန်တော်ဟာ တည်ကန်ဘောတွေကနေ ဂိုးရဖို့ ကြိုးစားပြီး အထူးသဖြင့် ထောင့်ကန်ဘောတွေကနေ ဂိုးရဖို့ ကြိုးစားလေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ လုံလောက်တဲ့အနေအထား မရောက်သေးပါဘူး။ တကယ်လို့ တည်ကန်ဘောတွေကနေ အခုထက်ဂိုးပိုသွင်းနိုင်ရင် အမှတ်ပေးဇယားမှာလည်း ရပ်တည်မှု ဒီထက်မြင့်မားနေမှာပါ''လို့ အသင်းခေါင်းဆောင် မက်ဂွါရီက ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #လိဒ်စ်ယူနိုက်တက် #ရန်းနစ်