ဆာလက်ကို လေးစားမှုဖြင့် အာဖရိကဖလားဂုဏ်ပြုပေးခြင်း မပြုဖို့ လီဗာပူးကို တောင်းဆိုတဲ့ မာနေး
2:04 PM, 20 February
နောဝစ်ချ်အသင်းကို အနိုင်မရမီ ဆာဒီယိုမာနေးဟာ လီဗာပူးအသင်းဖော် ဆာလက်ကို လေးစားသမှု ပြုခြင်းအားဖြင့် အာဖရိကဖလားရတဲ့အပေါ် ဂုဏ်ပြုမပေးဖို့ တောင်းဆိုခဲ့ပါတယ်။
စနေညတွင် မာနေးနှင့် ဆာလက်၂ယောက်စလုံး ဂိုးသွင်းခဲ့ကြပြီး အာဖရိကဖလားဖိုင်နယ်တွင် မာနေးရဲ့ ဆီနီဂေါက ဆာလက်ရဲ့ အီဂျစ်ကို ပင်နယ်တီတွင် အနိုင်ယူပြီးနောက် လီဗာပူးအသင်းတွင် တွဲဖက်ကစားလာကြတာ ဖြစ်ပါတယ်။
သူတို့ နှစ်ယောက်စလုံးဟာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင်လည်း ဆီနီဂေါနှင့် အီဂျစ်တို့ ထိပ်တိုက်တွေ့ဆုံမှုကြောင့် တဖန်ထပ်ပြီး ပြိုင်ဘက်အနေနဲ့ ကစားရအုံးမှာ ဖြစ်ပါတယ်။
ဆီနီဂေါအသင်းဟာ ယခုနှစ်အတွင်း မြောက်အာဖရိကသို့ မတ်လ ၂၂ရက်မှာ သွားရောက်မည်ဖြစ်ပြီး ၆ရက်အကြာ ဒါကာတွင် အီဂျစ်နဲ့ ကာတာကမ္ဘာ့ဖလားတွင် နေရာတစ်နေရာ ဝင်ခွင့်ရဖို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် Canal football ရဲ့ဖော်ပြချက်အရ ဆီနီဂေါအသင်းနဲ့အတူ အာဖရိကဖလားရခဲ့တဲ့ အပေါ် လီဗာပူးအသင်းဟာ ဂုဏ်ပြုမပေးရန် တောင်းဆိုမှု လုပ်ခဲ့ပါတယ်။
ဒါဟာ ဖိုင်နယ်တွင် လီဗာပူးအသင်းဖော် ဆာလက်တစ်ယောက် ကြေကွဲခဲ့ရတဲ့ အခြေအနေအပေါ် လေးစားမှုအနေနဲ့ ဖြစ်တယ်လို့ မာနေးက ပြောကြားခဲ့ပါတယ်။