ရှေ့သို့
Image

တော့တင်ဟမ်နဲ့ပွဲမှာ မန်စီးတီးက ဘောလုံးအလွယ်တကူဆုံးရှုံးမှု အလွန်များခဲ့တယ်လို့ ဂမ်ဒိုဂန်ဝန်ခံ

12:16 PM, 20 February

အီကေး ဂမ်ဒိုဂန်က ယမန်နေ့ည တော့တင်ဟမ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း မန်စီးတီးက ဘောလုံးတွေ အလွယ်တကူ ဆုံးရှုံးခဲ့တယ်လို့ စွပ်စွဲသွားခဲ့ပါတယ်။

အဆိုပါ ပွဲမတိုင်ခင် နည်းပြ ဂွါဒီယိုလာက ဘောလုံးပိုင်ဆိုင်မှု အရေးပါပုံနဲ့ ပတ်သက်ပြီး ကစားသမားတွေကို သတိပေးခဲ့တယ်လို့ ဂမ်ဒိုဂန်က ဆိုပါတယ်။

ဒါပေမဲ့ တော့တင်ဟမ်ဘက်က မန်စီးတီးခံစစ်ရဲ့ လစ်ဟာမှုတွေ အကောင်းဆုံး အသုံးချပြီး ဟယ်ရီကိန်းရဲ့ သွင်းဂိုး၂ဂိုးနဲ့အတူ စီးတီးကို အောက်တိုဘာလနောက်ပိုင်း ပထမဆုံးရှုံးပွဲ တွေ့စေခဲ့ပါတယ်။

ဂမ်ဒိုဂန်က “ကျွန်တော်တို့ ဘောလုံးဆုံးတဲ့အခါ သေချာဂရုစိုက်ဖို့ လိုတယ်ဆိုပြီး ပွဲမတိုင်ခင် ပြောနေတာ သတိရမိပါတယ်။ သူတို့ သွင်သွားတဲ့ ၃ဂိုးစလုံးက လာသွင်းပါဆိုပြီး ဖိတ်ခေါ်နေသလိုပါပဲ။ ကျွန်တော်တို့ ဘောလုံးဆုံးတာ အရမ်းလွယ်လွန်းပါတယ်”လို့ ပြောခဲ့ပါတယ်။

တစ်ဖက်မှာတော့ ဆွန်ဟောင်မင်က ယမန်နေ့ညက တော့တင်ဟမ်တိုက်စစ်မှာ တွဲဖက် ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို တခုပ်တရ ချီးကျူးသွားခဲ့ပါတယ်။

ဆွန်က “ဟယ်ရီနဲ့ တွဲကစားရတာ တကယ့် ဂုဏ်ယူစရာပါပဲ။ သူက မယုံနိုင်စရာကောင်းလှတဲ့ ကစားသမား၁ယောက်ပါ”လို့ ဆိုခဲ့ပါတယ်။

တော့တင်ဟမ်အသင်းဟာ လိဂ်ပွဲ၃ပွဲဆက် ရှုံးပွဲကို မန်စီးတီးကို အနိုင်ယူကာ ချေဖျက်နိုင်ခဲ့ပေမဲ့ ဆွန်ကတော့

“မန်စီးတီးနဲ့ တွေ့တာက အဆိုးဆုံးအချိန်လို့ လူတွေက ပြောနိုင်ပေမဲ့ တကယ်တမ်း အကောင်းဆုံးအချိန် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဆက်လက် ယုံကြည်နေပြီး အစွမ်းကုန် ကြိုးစားခဲ့ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

#မန်စီးတီး #တော့တင်ဟမ် #ဂမ်ဒိုဂန် #ဆွန်ဟောင်မင်