ရှေ့သို့
Image

ပဲလေ့စ်နဲ့ ပွဲမှာ ဘောလုံး၇ကြိမ်ပဲ ထိခဲ့တဲ့ လူကာကူက ပါမှန်းတောင် မသိရပါဘူးလို့ တူချယ်ဝန်ခံ

12:13 PM, 20 February

သောမက်စ် တူချယ်က ယမန်နေ့ညက ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ဘောလုံးထိချက် ၇ကြိမ်သာ ရှိခဲ့တဲ့ တိုက်စစ်မှူး လူကာကူ တစ်ယောက် ပါမှန်းတောင် မသိရပါဘူးလို့ ဝန်ခံသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့အပတ်က ကလပ်ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာလည်း နိုင်ပွဲ ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ချဲလ်ဆီးတို့ ရုန်းကန်ခဲ့ရပေမဲ့ ၈၉မိနစ်မှာ ဇီယက်ချ်ရဲ့ မြေမကျကန်ချက်ကြောင့် အဖိုးတန် နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပွဲစဉ်တစ်လျောက်လုံး ဘာမှလုပ်မပြနိုင်ပဲ ပျောက်ဆုံးသလို ဖြစ်နေတဲ့ လူကာကူအတွက် တူချယ်တစ်ယောက် ပွဲအပြီးမှာ မီဒီယာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အင်တာတိုက်စစ်မှူးအနေနဲ့ တစ်ပွဲလုံး အသင်းအပေါ် အကျိုးသက်ရောက်မှု ဘာမှမရှိခဲ့တာပဲ ဖြစ်ပါတယ်။

လူကာကူဟာ ၂၀၀၃-၀၄ ရာသီ Optaမှ အချက်အလက်တွေ စတင်စုဆောင်းခဲ့ပြီးနောက်ပိုင်း မိနစ်၉၀အတွင်း ဘောလုံးထိတွေ့မှု အနည်းဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ဘယ်လ်ဂျီယံသားဟာ ပြီးခဲ့တဲ့ နွေရာသီက ချဲလ်ဆီးကို ရောက်လာပြီးနောက် ကလပ်ကမ္ဘာ့ဖလား သွင်းဂိုး၂ဂိုးအပါအဝင် ၁၀ဂိုး သွင်းယူပေးထားခဲ့ပါတယ်။

တူချယ်က “ခင်ဗျားတို့ရဲ့ မေးခွန်းအတွက် ကျွန်တော့်မှာ အဖြေရှိရဲ့လား မသေချာပါဘူး။ ဘာလိုပြောရမလဲ မသိပါဘူး။ သူ ပွဲထဲ မပါသလို ဖြစ်နေတာလား၊ ဘာမှမလုပ်နိုင်ခဲ့တာလား မပြောနိုင်ပါဘူး။ ကျွန်တော် ယေဘူယျအားဖြင့် ကျွန်တော်တို့အကြောင်း အများကြီးပြောနိုင်မလား မသေချာပါဘူး”

“ကျွန်တော်တို့ တော်တော်လေး မောပန်းနေခဲ့ပြီး အားလုံး အကောင်းဆုံး ကြိုးစားခဲ့တယ်ဆိုတာ မြင်နိုင်ပါတယ်။ အားလုံးက လမ်းကြောင်းအတိုင်း ကြိုးစားနေကြပေမဲ့ ကြိုးစားနေတယ်ဆိုတာ ဘယ်သူမှ မမြင်နိုင်ပါဘူး”

“ကျွန်တော်တို့ အဲ့ဒီအတွက် အဖြေရှာရမှာ ဖြစ်ပေမဲ့ ဒီလို ကျပ်တည်းတဲ့ အခြေအနေမှာ အားလုံးက တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ချင်တာကြောင့် ဒါကမှားယွင်းတဲ့ အရာတော့ မဟုတ်ပဲ အားလုံး အကောင်းဆုံး ကြိုးစားကြပေမဲ့ ကျွန်တော်တို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ အဲ့ဒီအတွက် နိုင်ပွဲရဖို့နဲ့ clean sheetရဖို့ အရေးကြီးတာကြောင့် ဆက်ကြိုးစားနေပါတယ်”လို့ ဆိုခဲ့ပါတယ်။

ပါးမီးရက်စ်ကို အနိုင်ယူကာ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့ပြီးနောက် ချဲလ်ဆီးအတွက် လန်ဒန်တောင်ပိုင်းမှာ ပြင်ဆင်ချိန် ၁ပတ်ရခဲ့ပေမဲ့ တူချယ်ကတော့ ပြင်ဆင်မှုက ပုံမှန်ကိစ္စနဲ့ တော်တော်လေး ဝေးကွာခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

အက်စ်ပီကျူတာနဲ့ အိုဒွိုင်းလ်တို့ သောကြာနေ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ဒဏ်ရာရခဲ့ကာ ယမန်နေ့ည စွမ်းဆောင်ရည်ကို ထိခိုက်စေခဲ့ပါတယ်။


#ချဲလ်ဆီး #ခရစ္စတယ်ပဲလေ့စ် #လူကာကူ #တူချယ် #ဖီဖာကလပ်ကမ္ဘာ့ဖလား