ရှေ့သို့
Image

ဒီရာသီမှာ ထရစ်ပီယာ ပြန်ကစားနိုင်ပါ့မလားဆိုတာ သူလည်း မသိဘူးလို့ ဟိုဝီ ဝန်ခံ

3:41 PM, 19 February

နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက ယခုရာသီမှာ ညာနောက်ခံလူ ထရစ်ပီယာ ပြန်ကစားနိုင်ပါ့မလားဆိုတာ သူကိုယ်တိုင်မသိပေမယ့် ကစားသမားတစ်ဦးတည်းက တစ်သင်း တစ်သင်းအဖြစ် မဖန်တီးနိုင်ဘူးလို့ အခိုင်အမာပြောပါတယ်။

ဇန်နဝါရီလက အက်သလက်ကနေ ပေါင် ၁၂သန်းနဲ့ ရောက်လာခဲ့တဲ့ ထရစ်ပီယာဟာ ဗီလာကို ၁-ဝဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ခြေထောက်ကျိုးသွားခဲ့လို့ ကာလအတန်ကြာအနားယူရမှာဖြစ်ပါတယ်။
ထရစ်ပီယာဟာ အသင်းအတွက် ၄ပွဲကစားခဲ့ရာမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး ညာနောက်ခံလူဖြစ်ပေမယ့် ၂ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းကလည်း အဲဒီ ၄ပွဲကနေ ၁၀ မှတ်အထိ ရယူနိုင်ခဲ့ပါတယ်။
ဒီလို ထရစ်ပီယာ ဒဏ်ရာရသွားလို့ ပရိသတ်တွေရော အသင်းဖော်တွေအတွက်ပါ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

ဟိုဝီက ''ထရစ်ပီယာဟာ ကြာသပတေးနေ့က ခွဲစိတ်ကုသမှုခံယူခဲ့ပြီး အဆင်ပြေခဲ့တာကတော့ သတင်းကောင်းပါပဲ။ သူ ဘယ်လောက်အနားယူရမလဲဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး။ ရာသီမကုန်ခင် သူပြန်ကောင်းလာဖို့ မျှော်လင့်ပေမယ့် ဒဏ်ရာက ပြင်းထန်ပါတယ်။ ကျွန်တော်တို့အတွက်တော့ ထိုးနှက်ချက်ပါပဲ''''ဒါပေမဲ့ ကစားသမားတစ်ဦးတည်းက အသင်းတစ်သင်းဖန်တီးလို့မရပါဘူး။ ဘောလုံးအားကစားက စုပေါင်းကစားနည်းပါ။ အားလုံးက ဒီထက်ပိုပေးဆပ်ကစားဖို့ လိုအပ်ပါတယ်''လို့ ပြောပါတယ်။

#နယူးကာဆယ် #ထရစ်ပီယာ #ဟိုဝီ