ရှေ့သို့
Image

လိဒ်စ်နဲ့ ပွဲမှာ သူရဲ့ ကစားသမားတွေ အကောင်းဆုံး ခြေစွမ်းပြလိမ့်မည်ဟု မျှော်လင့်ထားတဲ့ ရန်းနစ်

2:51 PM, 19 February

ခါးသီးပြိုင်ဘက်တွေဖြစ်ခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက်နှင့် လိဒ်စ်တို့တွေ့ဆုံပွဲမှာ သူရဲ့ကစားသမားတွေ အကောင်းဆုံး ခြေစွမ်း ထုတ်ပြန်နိုင်မည်ဟု ယူနိုက်တက်နည်းပြ ရန်းနစ်က ယုံကြည်နေပါတယ်။ ယူနိုက်တက်နှင့် လိဒ်စ်ပရိသတ်တွေဟာ အတူတူ မဆုံတွေ့ခဲ့တာ ဆယ်စုနှစ်လောက် ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က တွေ့ဆုံမှုကလည်း ကိုဗစ်ကြောင့် တံခါးပိတ်ကစားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အယ်လန်ရုဒ်သို့ နောက်ဆုံးသွားကစားခဲ့ပြီး နိုင်ခဲ့တာက၂၀၁၁ စက်တင်ဘာလက လိဂ်ဖလားပွဲမှာ ဖြစ်ပါတယ်။ ပရိသတ်အပြည့်ဖြင့် မကစားခဲ့ရတာက နှစ်သင်းကြားမှာ ၁၈နှစ်ခွဲတိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရန်းနစ်က လိဒ်စ်ရဲ့ ကွင်းပတ်ဝန်းကျင် အားပေးမှု သောင်းဖြစွာ ရှိနေရင် သူရဲ့ ကစားသမားတွေအတွက် ခြေစွမ်း ပိုတိုးတက်လိမ့်မည်ဟု အခိုင်အမာဆိုပါတယ်။

“အရိုးသားဆုံးပြောရရင် လွန်ခဲ့တဲ့ တစ်ပတ်လောက်အထိ သေချာမသိခဲ့ဘူး ကျွန်တော့်အသိတွေက ပြောတာကတော့ လိဒ်စ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အခက်ခဲဆုံး ပြိုင်ဘက်အသင်းတစ်သင်း ဖြစ်ခဲ့တယ်လို့ ဆိုတယ် သေချာတာပေါ့ ဂျာမနီမှာတော့ ပြည်တွင်းဒါဘီတွေ ရှိခဲ့ဖူးပါတယ် ရှော်ကေးနှင့် ဒေါ့မွန်ပွဲက ဥပမာပေးလို့ရတယ် တခြားပွဲတွေလည်း ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကစားသမားတွေက ဒီလို အသင်းတွေနဲ့ ဒီလိုပတ်ဝန်းကျင်တွေနဲ့ အများကြီး ရင်ဆိုင်ဖူးတဲ့ အတွေ့အကြုံ ရှိထားတယ်။ ဒီလိုအနေအထားမှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည် မြင့်တက်မယ်လို့မျှော်လင့်မိပါတယ်။ အားလုံးလည်း ဘယ်သူမှ မရှိတာထက် ပရိသတ်တွေအပြည့်နဲ့ ကွင်းမှာ ကစားချင်ကြမယ်လို့ထင်ပါတယ်။ပွဲကို ကျွန်တော်တို့ကစားဖို့စောင့်မျှော်နေပါတယ်။ လိဒ်စ်အသင်းက တမ်ပိုအများကြီး၊ရွှေ့လျားမှု အများကြီးနဲ့ ကစားတဲ့ အသင်းတစ်သင်းဆိုတာ သေချာပါတယ်။ သူတို့ရဲ့ ကစားဟန်ကို ခွင်မပြုဖို့က လွန်စွာ အရေးကြီးပါတယ်။တဖက်မှာ သူတို့က ပေးဂိုးတွေ အနည်းငယ် ပေးထားရတယ်။နောဝစ်ချ်နဲ့ပွဲက လွဲရင်ပေါ့ ဒီပွဲအတွက် သေချာ ပြင်ဆင်ထားတယ်”ဟု ဆိုသည်။ဆက်လက်ပြီး မက်ဂွါယီနှင့် ရော်နယ်ဒိုတို့ကြား အသင်းခေါင်းဆောင်နေရာအတွက် ခွာပြဲနေကြတဲ့ဆိုတဲ့ သတင်းတွေကို ရန်းနစ်က ငြင်းဆန်လိုက်ပြီး အသင်းသားအားလုံးက ပျော်ရွှင်မှု အပြည့်ရှိတယ်လို့ပြောပါတယ်”

“လွန်ခဲ့တဲ့ ၁၂ပတ်က ကျွန်တော့်ရဲ့ တစ်ဦးတည်း အမြင်နဲ့ပြောနိုင်ပါတယ် ရက်စ် အပြောင်းအရွှေ့ပိတ်သည့်အထိ ကစားသမားတစ်ချို့က မပျော်မရွှင် ဖြစ်ခဲ့ကြပါတယ်။ အသင်းလူစာရင်းက ကြီးလွန်းပါတယ် ပွဲကစားချိန်တွေ မရဖူးလို့နားလည်ထားတဲ့ ကစားသမားတွေ ရှိခဲ့တယ်။ ခုဒါတွေက တိုးတက်ခဲ့ပါတယ် သေချာတာပေါ့ အဝတ်စားလဲခန်းက ပတ်ဝန်းကျင်ဟာ လွန်ခဲ့တဲ့အပတ်တွေကထက် ပိုပြီး ကောင်းမွန်လာပါပြီ”ဟု ပြောကြားသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်းနစ်