ရှေ့သို့
Image

ကိုင်လီဝေါ်ကာရဲ့ အနီကတ်ပြစ်ဒဏ်ကို မန်စီးတီး အယူခံဝင်ခဲ့ပေမယ့် ယူအီးအက်ဖ် ပယ်ချ

12:53 PM, 19 February

မန်စီးတီး အသင်းဟာ နောက်ခံလူ ကိုင်လီဝေါ်ကာရဲ့ ၃ ပွဲပယ်ပြစ်ဒဏ်ကို အယူခံဝင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ အင်္ဂလန်သားဟာ ဒီဇင်ဘာလ ၇ ရက်နေ့တုန်းက လိုက်ပ်ဇစ်အသင်းကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ အနီကတ်ထိခဲ့တာဖြစ်ပါတယ်။

အန်ဒီရီဆေးလ်ဗားကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာကြောင့် ၁ ပွဲပယ်ပြစ်ဒဏ်ကနေ ၃ ပွဲပယ်ပြစ် ဒဏ်အဖြစ် ယူအီးအက်ဖ်အေရဲ့စည်းကမ်းထိန်းသိမ်းရေးကော်မတီက ချမှတ်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အင်္ဂလန်သားရဲ့ကာလရှည်ပွဲပယ်ပြစ်ဒဏ်ကို အယူခံဝင်ခဲ့ပေမယ့်  အယူခံက ပယ်ချခံံခဲ့ရတာဖြစ်ပါတယ်။

“မန်စီးတီးရဲ့အယူခံကို ကျွန်တော်တို့ ပယ်ချခဲ့ပါတယ်။ အကျိုးဆက်အရ ယူအီးအက်ဖ်အေရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဇန်နဝါရီ ၂၅ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ မန်စီးတီး ကစားသမား ကိုင်လီဝေါ်ကာဟာ ပြိုင်ဘက်ကစားသမားကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာကြောင့် နောက် ၃ ပွဲပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်”လို့ ယူအီးအက်ဖ်အေက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

စီးတီးဟာ စပို့တင်းမြေမှာ ပထမအကျော့အဖြစ် ကစားခဲ့ရပြီး ၅ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယအကျော့ကို မတ်လ ၉ ရက်နေ့ အီတီဟက်မှာ ဒုတိယအကျော့ ရင်ဆိုင်ရရမှာဖြစ်ကာ ကွာတားဖိုင်နယ်ကို ဧပြီလမှာ ကစားမှာဖြစ်ပါတယ်။

#မန်စီးတီး #ကိုင်လီဝေါ်ကာ