ရှေ့သို့
Image

နွေရာသီတုန်းက ဟယ်ရီကိန်းအတွက် ကမ်းလှမ်းမှု ၄ကြိမ်လောက်ကို တော့တင်ဟမ်က ပယ်ချခဲ့ကြောင်း ဂွါဒီယိုလာဖွင့်ဟ

9:58 AM, 19 February

ပက် ဂွါဒီယိုလာက တော့တင်ဟမ်အသင်းဟာ တိုက်စစ်မှူး ဟယ်ရီကိန်းအတွက် မန်စီးတီးရဲ့ ကမ်းလှမ်းမှု ၄ကြိမ်လောက်ကို ပြီးခဲ့တဲ့ နွေရာသီက ပယ်ချခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ တော့တင်ဟမ်ဥက္ကဌ လီဗိုင်းဟာ ကိန်းက အသင်းပြောင်းချင်ပေမဲ့ မန်စီးတီးက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း၁၅၀ကို ပေးချေဖို့ ငြင်းဆန်ခဲ့တာကြောင့် အင်္ဂလန်သားကို အသင်းမှာ ဆက်ထိန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အပြောင်းအရွှေ့မပိတ်ခင် ရာသီသစ်စသွားချိန်မှာတော့ ကိန်းနဲ့ မန်စီးတီးတို့ရဲ့ အပြောင်းအရွှေ့သတင်းတွေက တစ်ခန်းရပ်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းဟာ ဒုတိယနေရာက လီဗာပူးကို ၉မှတ်ဖြတ်ထားပေမဲ့ ဂွါဒီယိုလာကတော့ အဂူရိုနေရာ အစားမထိုးနိုင်ခဲ့ခြင်းအတွက် စိတ်ပူခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။

ဂွါဒီယိုလာက “အခုတော့ ခင်ဗျားတို့ ပြောနိုင်ပြီပေါ့။ ကိန်းမလာလည်း ဒီမှာအားလုံး အဆင်ပြေနေတာပဲဆိုပြီးတော့။ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ဘာဖြစ်လာမလဲ ကျွန်တော် မသိခဲ့ပါဘူး။ ကျွန်တော်တို့ ကြိုးစားခဲ့ပေမဲ့ တော့တင်ဟမ်က ခေါ်လို့မရဘူးဆိုတာပဲ ပွင့်ပွင့်လင်းလင်း ပြောပါတယ်”“၂ကြိမ်၊ ၃ကြိမ်၊ ၄ကြိမ်လောက် ကြိုးစားပြီးချိန်မှာ အဆုံးသတ်သွားပါတယ်။ အဲ့ဒီနောက် ကျွန်တော်တို့ လူစာရင်းကို ကြည့်လိုက်တော့ ဖလားစိန်ခေါ်နိုင်မယ်လို့ မသေချာခဲ့ပါဘူး။ ကျွန်တော်တို့ တော့တင်ဟမ်ကို အဖွင့်ပွဲမှာ ရှုံးခဲ့ပြီး လက်စတာကို ကွန်မြူနတီဒိုင်းမှာ ရှုံးခဲ့ပါတယ်”

“ကျွန်တော် အသင်း အပြောင်းအရွှေ့စျေးကွက်မှာ မလုပ်နိုင်ခဲ့တာတွေအတွက် ဘယ်တုန်းကမှ စိတ်မပျက်ခဲ့ပါဘူး။ ကျွန်တော် ဒီမှာ လုံး၀ကို မီးမမွှေးချင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဆွေးနွေးမှု အနည်းငယ်အပြီး သဘောတူညီမှု မရခဲ့ပါဘူး။ ကျွန်တော်တို့ အဲ့ဒါကို အတွင်းပိုင်းမှာပဲ ဆွေးနွေးပြုလုပ်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ယနေ့ည ပွဲစဉ်မှာ ယခုနှစ်ရာသီ ဟယ်ရီကိန်းနဲ့ ပထမဆုံးအကြိမ် ပြန်ရင်ဆိုင်ရမှာ ဖြစ်ပြီး ၃ပွဲဆက် ရှုံးထားတဲ့ တော့တင်ဟမ်အသင်း ပြန်လည် ရုန်းကန်လာမှာကို ဂွါဒီယိုလာက စိုးရိမ်နေပါတယ်။

#မန်စီးတီး #တော့တင်ဟမ် #ဂွါဒီယိုလာ #ဟယ်ရီကိန်း