ရှေ့သို့
Image

ယူနိုက်တက်ကနေ အငှားနဲ့ ထွက်ခဲ့ရတာဟာ သူ့အတွက် ဘာကြောင့် ပြီးပြည့်စုံစေခဲ့လဲဆိုတာ ပြောပြလာတဲ့ ဗန်ဒီဘိခ်

6:18 PM, 18 February

ဒွန်နီ ဗန်ဒီဘိခ်က ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ အငှားနဲ့ ထွက်ခွာခဲ့ပြီးနောက် အင်အားအပြည့်နဲ့ ဖြစ်နေတယ်လို့ ခံစာရကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

၂၄နှစ်သားဟာ ယူနိုက်တက်မှာ ၁နှစ်ခွဲကြာ နေရာရဖို့ ရုန်းကန်ခဲ့ရပြီးနောက် ပြီးခဲ့တဲ့လက အဲဗာတန်ကို အငှားနဲ့ ပြောင်းသွားခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ ဆိုးလ်ရှားလက်ထက်မှာ ပွဲထွက်ချိန်ရဖို့ ရုန်းကန်ခဲ့ရသလို ယာယီနည်းပြ ရန်းနစ် လက်အောက်မှာလည်း ပွဲကစားချိန် သိပ်မရခဲ့ပါဘူး။

ပြီးခဲ့တဲ့လကတော့ ယူနိုက်တက်က နယ်သာလန်သားကို အသင်းပြောင်းခွင့် ပြုလုပ်ပြီး ဥရောပအသင်း အများအပြားက လိုချင်နေချိန် ဗန်ဒီဘိခ်က နည်းပြ လမ်းပတ်ထံကနေ နေ့စဉ် သင်ယူလိုတာကြောင့် အဲဗာတန်ကို ရွေးချယ်ခဲ့ပါတယ်။

ဗန်ဒီဘိခ်က “ခေတ်အသစ်၊ ကစားသမားသစ်တွေ၊ နည်းပြအသစ်နဲ့ ဘ၀အသစ်စတာပါပဲ။ ခုလို ပြောင်းခွင့်ရခဲ့တာက ကျွန်တော့်အတွက် အင်အားတွေ အများကြီး ပေးစွမ်းခဲ့ပြီး အသင်းရဲ့ အမှတ်ပေးဇယား အခြေအနေကို ကြည့်ရင် သူတို့ အပေါ် တက်ချင်နေကြပါတယ်”

“ကျွန်တော်ကလည်း ကစားသမား၁ယောက်အနေနဲ့ လုပ်နိုင်တာကို လုပ်ပြချင်ပြီး ဒီလို ပေါင်းစပ်မှုက ကောင်းတယ်လို့ ထင်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲဗာတန် #ဗန်ဒီဘိခ်