ရှေ့သို့
Image

ဘရန်ဒန်ဝီလီယံရဲ့ အနာဂတ်က ယူနိုက်တက်မှာပဲ ဆက်ရှိမယ်လို့ ရန်နစ် ပြောကြား

3:57 PM, 18 February

ယူနိုက်တက်အသင်းနည်းပြ ရန်နစ်က နောဝစ်ချ်မှာ အငှားထွက်ကစားနေတဲ့ ယူနိုက်တက်စတား ဝီလီယံရဲ့ အနာဂတ်က လာမယ့်ရာသီ မန်ချက်စတာမှာပဲ ဆက်ရှိနေမယ်လို့ ပြောကြားလိုက်ပါတယ်။

အင်္ဂလန်သားဟာ လက်ရှိမှာ နောဝစ်ချ်အသင်းထံ အငှားထွက်ကစားနေပြီး ဇန်နဝါရီတုန်းက နောဝစ်ချ်အသင်းရဲ့တလတာ အကောင်းဆုံးဆုကို ရရှိခဲ့ပါတယ်။ ဝီလီယံဟာယူနိုက်တက် အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၉ တုန်းက စီနီယာအသင်းကစားသမား ဖြစ်လာခဲ့ကာ လုခ်ရှောကိုတောင် အရန်ခုံပို့နိုင်ခဲ့တာဖြစ်ပါတယ်။

ဘရန်ဒန်ဟာ ညာနောက်ခံလူကော ဘယ်နောက်ခံလူနေရာမှာပါ ကစားနိုင်စွမ်းရှိတာကြောင့် ရန်နစ်အတွက် ဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ ဂျာမန်သားက လက်ရှိနောဝစ်ချ်မှာ ကစားနေတဲ့ ဘရန်ဒန်ဟာ အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဘရန်ဒန်ဝီလီယံဟာ နောဝစ်ချ်မှာ တိုးတက်မှုတွေ ပြသနေပြီး  ရန်နစ်ကလည်း ဝီလီယံရဲ့တိုးတက်မှုတွေကို ကျေနပ်နေပါတယ်။ ရန်နစ်ဟာ ဝမ်ဘစ်ဆာကာနေရာမှာ ဒါလော့ကို အသုံးပြုနေပြီး ယူနိုက်တက်ကို ကိုင်တွယ်ပြီးကတည်းက full-back တွေကို တောင်ပံကစားသမားအဖြစ် ကစားဖို့အလိုရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရန်နစ်အလွန် နည်းပြသစ်ခန့်အပ်ဖို့ ပြင်ဆင်နေပြီး ပိုချက်တီနို နဲ့ တန်ဟက်တို့ကို ပစ်မှတ်ထားနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဝီလီယံ #နောဝစ်ချ် #ရန်နစ်