ရှေ့သို့
Image

အင်တာမီလန် နည်းပြဘ၀တုန်းက အက်ဒရီယာနိုနဲ့ လမ်းပတ်ကို တိုက်ရိုက်အလဲအထပ် ပြုလုပ်ဖို့ မော်ရင်ဟို ကမ်းလှမ်းခဲ့ဖူး

12:16 PM, 18 February

ဟိုဆေး မော်ရင်ဟိုဟာ အင်တာမီလန်နည်းပြဘ၀တုန်းက တိုက်စစ်မှူး အက်ဒရီယာနိုနဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ဘရာဇီးသားကို ချဲလ်ဆီးကွင်းလယ်လူ ဖရန့်ခ် လမ်းပတ်နဲ့ အလဲအထပ် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ဖို့ ကမ်းလှမ်းခဲ့ဖူးကြောင်း သိရပါတယ်။

အက်ဒရီယာနိုဟာ ၂၀၀၀ခုနှစ်တွေတုန်းက ခံစစ်မှူးတိုင်းလိုလို ကြောက်ကြတဲ့ တိုက်စစ်မှူး၁ဦး ဖြစ်ပြီး အင်တာကို ဒုတိယအကြိမ် ပြန်လာခဲ့ပြီးနောက် အကောင်းဆုံး နှစ်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၄ခုနှစ် ဖခင် ဆုံးပါးသွားပြီးနောက်မှာတော့ အက်ဒရီယာနိုရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက တော်တော်လေး ယိမ်းယိုင်လာခဲ့ပါတယ်။

၂၀၀၈ခုနှစ်မှာ မော်ရင်ဟို နည်းပြအဖြစ် ကိုင်တွယ်ခဲ့စဉ်မှာတော့ အက်ဒရီယာနိုရဲ့ အင်တာကစားသမားဘ၀က အဆုံးသတ်ဖို့ နီးစပ်ခဲ့ပါတယ်။ မော်ရင်ဟိုဟာ လမ်းပတ်ကို ခေါ်ယူဖို့အတွက် အက်ဒရီယာနိုအား အပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်းအဖြစ် အလဲအထပ် ပြုလုပ်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

လမ်းပတ်ဟာ ချဲလ်ဆီးမှာ ၄နှစ်စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး မော်ရင်ဟိုနဲ့ ဆန်စီရိုမှာ ပြန်လည် ဆုံစည်းဖို့ ကနဦး ဆန္ဒရှိခဲ့ပါတယ်။

၂၀၀၈ခုနှစ်က အက်ဒရီယာနိုရဲ့ အေးဂျင့်ဟောင်း နီနယ်ဒီက “မော်ရင်ဟိုနဲ့ အက်ဒရီယာနိုတို့ တွေ့ဆုံကာ စကားတွေ အများကြီး ပြောခဲ့ပေမဲ့ ဘယ်လို ဖြစ်သွားလဲဆိုတာ မပြောနိုင်ပါဘူး။ ကစားသမားက နောက်အပတ် ရာသီကြို အစီအစဉ် ရှိတဲ့အတွက် ရီယို ဒီ ဂျနေးရိုးကနေ မီလန်ကို ပြန်လာခဲ့ပါတယ်။ လမ်းပတ်နဲ့ အလဲအထပ် ကိစ္စကိုတော့ ကျွန်တော် ဘာမှ အတည်မပြုပေးနိုင်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ချဲလ်ဆီးက လမ်းပတ်အတွက် အင်တာရဲ့ ကမ်းလှမ်းမှုတွေကို အကြိမ်ပေါင်းများစွာ ပယ်ချခဲ့ပြီးနောက် အင်္ဂလန်သားက အသင်းနဲ့ ၅နှစ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လမ်းပတ်က စတန်းဖို့ဒ်ဘရစ်ချ်မှာ ဂန္တဝင် ဖြစ်သွားခဲ့ပြီး အက်ဒရီယာနိုကတော့ အင်တာကို ပြန်မလာတော့ပဲ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။

အက်ဒရီယာနိုဟာ ၂၀၁၆ခုနှစ်မှာ ကစားသမားဘ၀မှ အနားမယူခင် ဖလာမင်ဂို၊ ရိုးမား၊ ကိုရင်သီယန်၊ ပါရာနန်စီ၊ မီယာမီ ယူနိုက်တက်တို့မှာ ကစားခဲ့ပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #အင်တာမီလန် #မော်ရင်ဟို #အက်ဒရီယာနို